邹立莹

အင်ဒိုနီးရှားသမ္မတဂျိုကိုသည် ဝမ်ယိနှင့်တွေ့ဆုံ

(GMT+08:00)2021-01-14 14:20:57  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၃ ရက်နေ့က အင်ဒိုနီးရှားသမ္မတဂျိုကိုသည် ဂျာကာတာသို့ အလည်အပတ် ရောက်ရှိလာသော တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိအား တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ဝမ်ယိသည် ဂျိုကိုအား ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ရင်းနှီးသော နှုတ်ခွန်းဆက်သမှုကို တစ်ဆင့်ပြောကြားပြီး အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ်ပျက်ကျမှုအပေါ် ဝမ်းနည်းကြေကွဲကြောင်းနှင့် နှစ်သိမ့် အားပေးကြောင်း ဖေါ်ပြခဲ့ပါသည်။

ဂျိုကိုသည် ဝမ်ယိကနေတစ်ဆင့် ဥက္ကဋ္ဌရှီကျင့်ဖိန်အား နှုတ်ခွန်းဆက်သပြီး ဆုမွန် ကောင်းတောင်းခဲ့သည်။ ဂျိုကိုက မျက်မှောက် တရုတ်နှင့်အင်ဒိုနီးရှားဆက်ဆံရေး ကောင်းမွန်ကြောင်း၊ ကိုဗစ်-၁၉ဖြစ်ပွားချိန်အတွင်း ကျန်းမာရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်မှု သိသာထင်ရှားပြီး တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေးသည် အင်ဒိုနီးရှားသို့ ရောက်ရှိကာ မိမိသည် အင်ဒိုနီးရှား၌ ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူဖြစ်၍  တရုတ်နိုင်ငံ၏ ထောက်ပံ့မှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။