邹立莹

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး၏ ထိုင်ဝမ် ခရီးစဉ်ကို ဖျက်သိမ်း

(GMT+08:00)2021-01-14 14:22:26  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုင်ငံခြားရေးဝန်ကြီး ဌါနသည် ယခုသီတင်းပတ်တွင် နိုင်ငံခြား ခရီးလှည့်လည်မှု အားလုံးကို ဖျက်သိမ်း လိုက်ကြောင်း၊ ယင်းအနက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Kelly Craft ၏ ထိုင်ဝမ် ခရီးစဉ်လည်း ပါဝင်ကြောင်း ယခုလ ၁၂ ရက်နေ့က ကြေညာခဲ့သည်ဟု ရိုက်တာ သတင်းအရ သိရပါသည်။

Kelly Craftသည် ယခုလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထိုင်ဝမ်သို့ လည်ပတ်ရန် မူလက စီစဉ်ထားခဲ့သည်ဟု သိရပါသည်။