邹立莹

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံတကာပညာရှင်များအဖွဲ့သည် ၁၄ ရက်နေ့တွင် ဝူဟန့်မြို့သို့ရောက်ရှိမည်

(GMT+08:00)2021-01-14 14:19:37  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုဗစ်-၁၉ဗိုင်းရပ်စ်အရင်းအမြစ်ရှာဖွေရေးဆိုင်ရာ နိုင်ငံတကာ ပညာရှင်များအဖွဲ့သည် ယခုလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံသို့ လေ့လာကြည့်ရှုပြီး တရုတ် သိပ္ပံပညာရှင်များနှင့်အတူ ကိုဗစ်-၁၉ ဗိုင်းရပ်စ်အရင်းအမြစ်ရှာဖွေရေးနှင့်ပတ်သက်၍ သိပ္ပံနည်းပညာ သုတေသနပြု ပူးပေါင်းဆောင်ရွက်မှု ပူးတွဲပြုလုပ်မည်ဖြစ်ပါသည်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ မီဖုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံတကာပညာရှင်များအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဝူဟန့်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်သတ်မှတ်ချက်အရ quarantine အရင်ကျင့်သုံးပြီး ဒီအတောအတွင်းမှာ တရုတ်သိပ္ပံပညာရှင်နှင့်ဆေးပညာရှင်များသည် နိုင်ငံတကာ ပညာရှင်များအဖွဲ့နှင့် အွန်လိုင်းကနေတစ်ဆင့် နက်ရှိုင်းစွာကူးလူးဖလှယ်မည်ဖြစ်ကြောင်း ၁၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပါသည်။