邹立莹

တရုတ်ပြည်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ၁၀သန်း ထိုးနှံပြီ၊ တူရကီ၌ တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ကာကွယ်မှုနှုန်းသည် ၉၁.၂၅ ရာခိုင်နှုန်း ရှိ

(GMT+08:00)2021-01-14 14:20:01  

တရုတ်နိုင်ငံတော်ကောင်စီ ကူးစက်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေး အဖွဲ့သည်  ၁၃ ရက်နေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ ယခုတလော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ဆေးဝါးကုသရေးဆိုင်ရာ အခြေအနေများကို ရှင်းလင်းဖော်ပြခဲ့ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းကျော်ကို ထိုးနှံခဲ့ပြီ ဖြစ်ကြောင်း၊ တူရကီနိုင်ငံ၌ တရုတ်နိုင်ငံမှ ဖော်ထုတ်သော ကိုဗစ်-၁၉ ကာကွယ်ဆေး၏ ကာကွယ်မှုနှုန်းသည် ၉၁.၂၅ ရာခိုင်နှုန်းရှိကြောင်း China Media Group မှ သတင်းအရသိရပါသည်။