邹立莹

အမေရိကန်သည် လူမျိုးချင်း ခွဲခြားရေး ဆောင်ရွက်မှုဆိုးများအတွက် တာဝန်ယူရမယ်

(GMT+08:00)2021-01-14 14:21:50  

 မကြာခင်က အမေရိကန် နိုင်ငံရေးသမား တချို့က တရုတ်ပြည် ရှင်းကျန်းနဲ့ ပတ်သက်တဲ့ မဟုတ်မမှန် လုပ်ကြံသတင်းများ ပြန်ဖြန့်ပြီး၊ ရှင်းကျန်းမှာ “လူမျိုးပျက်သုဉ်းခြင်း” ဖြစ်ပွါးနေပြီး တရုတ်အစိုးရက ဒါ့အတွက် တာဝန်ယူရမယ်လို့တောင် ပုတ်ခတ် ပြောဆိုခဲ့တယ်။

   ဒါပေမယ့် လူဦးရေဆိုင်ရာ စာရင်းအရ၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရှင်းကျန်း ဝေဂါလူမျိုး လူဦးရေဟာ ၁၀၁ သိန်း ၇ သောင်းကျော် ရှိရာမှနေ ၁၂၇ သိန်း ၁ သောင်းကျော်အထိ တိုးလာပြီး ၂၅့ ၀၄ ရာခိုင်နှုန်း တိုးလာပါတယ်။ ဝေဂါလူမျိုး လူဦးရေ တိုးနှုန်းဟာ ရှင်းကျန်း ပျမ်းမျှ လူဦးရေ တိုးနှုန်းထက် ပိုများတဲ့အပြင် ယင်းအချိန်ကာလအတွင်း ဟန်လူမျိုး လူဦးရေ ၂ ရာခိုင်နှုန်း ဖြစ်တဲ့ တိုးနှုန်းထက်လည်း ထင်ရှားစွာ ပိုများပါတယ်။ အဲဒါဟာ တရုတ်အစိုးရရဲ့ အပြုသဘောဆောင်တဲ့ ရှင်းကျန်း စီမံခန့်ခွဲရေး မူဝါဒရဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။

   အမှန်တော့ အမေရိကန်ကသာ လူမျိုးချင်း ခွဲခြား အထင်သေးမှု ပြဿနာ ပြင်းထန် ဆိုးဝါးစွာ တည်ရှိတဲ့နိုင်ငံပဲ ဖြစ်တယ်။ သမိုင်းမှာ အမေရိကန်ရဲ့ သက်ဆိုင်ရာ မူဝါဒကြောင့် အင်ဒီယန်လူမျိုးဟာ ၁၄၉၂ ခုနှစ်က ၅ သန်း ရှိရာကနေ ၂၀ ရာစု နှစ်ဦးပိုင်းက ၂ သိန်း ၅ သောင်းအထိ လျော့နည်း လာခဲ့တယ်။ ယနေ့မှာ ဆိုရင် အမေရိကန်မှာ အာဖရိကလူမျိုးရဲ့ ကိုဗစ်-၁၉ ကူးစက်ခံရမှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ အသားဖြူလူမျိုးရဲ့ ၅ ဆ ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်များက အမေရိကန်ဟာ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ အာဖဂန် စတဲ့ မူစလင်နိုင်ငံများမှာ စစ်သွေးထိုး စစ်ဆင်နွှဲကာ သန်းနဲ့ချီတဲ့ အရပ်သူအရပ်သားများ သေကျေဒဏ်ရာ ရရှိစေခဲ့တယ်။ အမေရိကန် အနေနဲ့ လူမျိုးချင်း ခွဲခြားရေး ဆောင်ရွက်မှုဆိုးများအတွက် တာဝန်ယူရမယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။