张晓宁

ကိုဗစ်-၁၉ အခြေအနေမျိုးမှာ ဆင်းရဲမှုကို ဘယ်လိုပပျောက်ခဲ့သလဲ

(GMT+08:00)2021-01-08 14:47:14  

တရုတ်ပြည် အနောက်ပိုင်း ရှန်ရှီးပြည်နယ် တောနက်တောင်နက်ကြီးထဲရှိ ကျင်းမီရွာဟာ နာမည်ကျော် ဆင်းရဲသည့် ရွာတစ်ရွာ ဖြစ်ပါတယ်။ ကျင်းမီရွာ တည်ရှိတဲ့ ဒေသမှာ သစ်တောများ စိမ်းစိမ်းစိုစို ရှိပြီး စမ်းရေလည်း ကြည်လင်လှပါတယ်။ ဒီဒေသက ရာသီဥတုဟာ ကြွက်နားရွက်မှို မွေးမြူမျိုးပွားဖို့အတွက် အရမ်းသင့်တော်ပါတယ်။

ကိုဗစ်-၁၉ အခြေအနေမျိုးမှာ ဆင်းရဲမှုကို ဘယ်လိုပပျောက်ခဲ့သလဲ_fororder_微信图片_202101081444052

ပြီးခဲ့တဲ့ နှစ်များမှာ ကျင်းမီရွာ ရွာသူရွာသားများဟာ ကြွက်နားရွက်မှိုကို အတိုင်းအတာ ကြီးမားစွာ မွေးမြူမျိုးပွားခြင်း၊ တရုတ်တိုင်းရင်းဆေးလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းများ တိုးတက်ခြင်းဖြင့် နေထိုင်မှုဘ၀က တစ်နေ့တခြား ချမ်းသာလာခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၀ပြည့်နှစ် နှစ်ဦးပိုင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျင်းမီရွာက ကြွက်နားရွက် ရောင်းချမှုကို ရပ်တန့်စေခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ် ဧပြီလက ကျင်းမီရွာဟာ ဧည့်သည်တော်တစ်ဦးကို ဆီးကြိုခဲ့ကြပြီး၊ သူကတော့ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဖြစ်ပါတယ်။ ဥက္ကဋ္ဌရှီကျင့်ဖိန်ရဲ့ ဒီတစ်ကြိမ် ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ ကိုဗစ်-၁၉ ရောဂါ အခြေအနေနဲ့ ရင်ဆိုင်ရာမှာ တရုတ်ပြည် တောင်သူလယ်သမားများအနေနဲ့ ဆင်းရဲမှုကို ဘယ်လိုပပျောက်သလဲဆိုတာကို ကြည့်ရှုလေ့လာခြင်းဖြစ်ပါတယ်။

ကိုဗစ်-၁၉ အခြေအနေမျိုးမှာ ဆင်းရဲမှုကို ဘယ်လိုပပျောက်ခဲ့သလဲ_fororder_微信图片_20210108144405

ရှီကျင့်ဖိန်ဟာ ကျင်းမီရွာ e-commerce ပလက်ဖောင်းမှာ ကြွက်နားရွက်မှိုကို likeပေးခဲ့တဲ့နောက်ပိုင်းမှာ တန်ချိန် ၂၄ တန် ရှိ ကြွက်နားရွက်ကို အမြန်ဆုံး ရောင်းချ နိုင်ခဲ့ပါတယ်။

ကျင်းမီရွာ အပါအဝင် တရုတ်ပြည်က ကျေးရွာအမြောက်အမြားကို ပံ့ပိုးကူညီပြီး ဆင်းရဲမှုပပျောက်စေရေးဟာ ၂၀၂၀ပြည့်နှစ် တရုတ်အစိုးရရဲ့ အရေးအကြီးဆုံး တာဝန်ဖြစ်ပါတယ်။

ကိုဗစ်-၁၉ အခြေအနေမျိုးမှာ ဆင်းရဲမှုကို ဘယ်လိုပပျောက်ခဲ့သလဲ_fororder_微信图片_202101081444051