"China Sky Eye" ဟုလူသိများသည့် ရေဒီယိုတယ်လီစကုပ် (FAST) ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကမ္ဘာလုံးသိပ္ပံ ပညာရှင်များအား ဖွင့်လှစ်မည်ဖြစ်ကာ ကမ္ဘာအနှံ့ရှိ သိပ္ပံပညာရှင်များ လေ့လာဆန်းစစ်မှုများပြုလုပ်နိုင်ရန် ဆန်းစစ် လျှောက်လွှာကို စတင်စုစည်း လက်ခံထားကြောင်း၊ ယင်းလျှောက်လွှာများကို "China Sky Eye" သိပ္ပံပညာကော်မတီသို့ အချိန်မီ တင်ပြရမည် ဖြစ်သည်။ သြဂုတ်လ ၁ ရက်နေ့မှစ၍ စောင့်ကြည့်လေ့လာခြင်း အချိန်ကို ခွဲဝေချထားပေးကြောင်း China Media Group မှ သတင်းအရသိရပါသည်။