马宁
မြန်မာချွေးမရဲ့ တရုတ် ဆင်းရဲမှုပပျောက်ရေးလမ်းစဉ်
(GMT+08:00)2020-12-31 23:16:41  
၂၀၀၇ ခုနှစ်မှာ မြန်မာနိုင်ငံတောင်ကြီးက အမျိုးသမီး စန်းမွှေး(San Hmwe)ဟာ တရုတ် ယောက်ျားကောပိုဟုန်နဲ့ တွေ့ဆုံခဲ့တယ်၊ သူတို့နှစ်ယောက်ဟာ မြန်မြန်ဆန်ဆန်ရည်စား ဖြစ်သွားပြီးနောက်ပိုင်းမှာ စန်းမွှေးက ကောပိုဟုန်နဲ့အတူ သူ့ဇာတိ စန်းရှီးပြည်နယ် ချင့်ယွမ်ခရိုင် ကျင်ဖုန်ရွာကို ပြန်ရောက်ပြီး အိမ်ထောင်ပြုကာ ဇနီးမောင်နှံ ဖြစ်လာ ခဲ့တယ်။
ကျင်ဖုန်ရွာကို ရောက်ခါစက စန်းမွှေးဟာ အပြင်မထွက်ဘဲ အိမ်မှာပဲ တီဗီ ကြည့်တယ်၊ အစတုန်းက စန်းမွှေးဟာ တီဗီထဲမှာ ဘာပြောနေသလဲ ဆိုတာကို နားမလည်ဘူး၊ ဒါပေမဲ့ တီဗီကြည့်တာကြာပြီးတော့ နည်းနည်း နားလည်လာပါပြီ။ ၃၊၄လကြာပြီး စန်းမွှေးဟာ တရုတ်စကားနဲ့ သူများနဲ့ နဲနဲ ကူးလူး ဆက်ဆံလို့ရလာတယ်။
အိမ်ထောင်ပြုခါစက စန်းမွှေးဟာ သူ့ခင်ပွန်းသည်နဲ့အတူ တို့ဖူးပြုလုပ်တယ်၊ ဝက်နဲ့ နွားကို မွေးမြူတယ်။ တောင်တက်ပြီး မှိုကိုခူးဖူးတယ်။ လုပ်နိုင်သလောက် အကုန်လုံး လုပ်ဖူးတယ်။ အစပိုင်း ၃၊၄နှစ်တုန်းက ကောပိုဟုန်ရဲ့ မိဘတွေက ရှေ့ဆင့်နောက်ဆင့် နာဖျားပြီး ကွယ်လွန်ခဲ့တာကြောင့် အိမ်မှာစုငွေကုန်အောင် သုံးခဲ့တယ်။ မူလက ဆင်းရဲတဲ့မိသားစုကို ပိုဆိုးတဲ့အခြေသို့ ရောက်ရှိခဲ့တယ်။ ဒါပေမဲ့ ဆင်းရဲတဲ့နေထိုင်မှု ဘဝဟာ သူတို့ကို မပြိုကွဲစေဘဲ သံယောဇဉ် ပိုမိုနက်ရိုင်းလာခဲ့တယ်။
အရင်တုန်းက ကျင်ဖုန်ရွာရဲ့ လမ်းတွေမကောင်းဘူး၊ အဆောင်တွေရဲ့ အပြင်နံရံကို မြေနဲ့ဆောက်ထားတာ ဖြစ်တယ်၊ ဟိုတုန်းက အရမ်း ဆင်းရဲတယ်၊ မိုးရွာရင် အိမ်ခေါင်မိုး မိုးယိုတတ်တယ်၊ ခဏခဏတောင်တက်ပြီး မှိုခူးပြီး ရောင်းရတယ်၊ နှစ်စဉ် ဝင်ငွေ တရုတ်ငွေယွမ် ၃၊၄ထောင်သာရှိခဲ့တယ်လို့ စန်းမွှေးကပြောတယ်။
၂၀၁၅ခုနှစ်မှာ စန်းမွှေးရဲ့ဘဝဟာ စတင် ကောင်းမွန်လာပါတယ်။ တရုတ်နိုင်ငံမှာ တိကျစွာ ဆင်းရဲမှုလျှော့ချရေးကို နက်ရှိုင်းစွာဆောင်ရွက်လာပြီးနောက် စန်းမွှေးတို့ကို ဆင်းရဲတဲ့ မိသားစုအဖြစ် သတ်မှတ်ထားခဲ့ကာ ဆင်းရဲမှုလျှော့ချရေးမူဝါဒအမျိုးမျိုးကို ရှေ့ဆင့်နောက်ဆင့် ဆောင်ရွက်လာခဲ့ပါတယ်။ နောက်နှစ်ကျတော့ ချင့်ယွမ်ခရိုင် အစိုးရဟာ စန်းမွှေးရဲ့မိသားစုအတွက် အဆောင်ဟောင်းကို ပြုပြင်မွမ်းမံပေးခဲ့တဲ့ အတွက် မိုးယိုတာကို ထပ်မံစိုးရိမ်စရာမလိုတော့ပါဘူး။၂၀၁၇ခုနှစ်က ဒေသန္တရအစိုးရဟာ စန်းမွှေးရဲ့ ယောက်ျားကို သစ်တောစောင့် ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့ပြီး နှစ်စဉ်ဝင်ငွေ ယွမ် ၅၀၀၀ ကျော် ရှိလာပါတယ်။ ဆင်းရဲမှုလျှော့ချရေးဌာနရဲ့ အကူအညီဖြင့် စန်းမွှေးရဲ့ မိသားစုဟာ ချေးငွေ ၃သောင်းရရှိခဲ့ပြီး နွားနှစ်ကောင်ကို ဝယ်ယူ ခဲ့တယ်။အဲဒီလိုအကူအညီတွေဖြင့် စန်းမွှေးရဲ့ မိသားစုဟာ ဟိုနှစ်အတွင်းမှာ ဆင်းရဲမှု ပပျောက်ခဲ့တဲ့အပြင် ချေးငွေကိုလည်း ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ် မတ်လက ချင့်ယွမ်ခရိုင်အစိုးရရဲ့အကူအညီဖြင့် ကောပိုဟုန်က ဒေသခံကျောက်မီးသွေး သတ္တုတွင်း တစ်ခုမှာ အလုပ်သမားအဖြစ် တာဝန်ယူခဲ့ပါတယ်။
စန်းမွှေးက တရုတ်အစိုးရဟာ ဆင်းရဲတဲ့မိသားစုတွေကို အကူအညီများစွာ ဆောင်ရွက်ပေးတဲ့အတွက် ပြီးခဲ့တဲ့နှစ်များမှာ အကျိုးများစွာရရှိခဲ့တယ်၊ ကျင်ဖုန်ရွာကို ရောက်ခါစကနဲ့ နှိုင်းစာကြည့်ရင် ရွာအခြေအနေပဲဖြစ်ဖြစ် သူ့မိသားစုရဲ့ နေထိုင်မှု အရည်အချင်းပဲဖြစ်ဖြစ် အပြောင်းလဲကြီး ပြောင်းလဲလာပါတယ်၊ သူ့ကလေးတွေ ကျောင်းတက်ရာမှာ စာအုပ်ခနဲ့စာသင်ခ ပေးဆောင်ဖို့ မလိုတဲ့အပြင် နှစ်စဉ် နေထိုင်မှု ဘဝထောက်ပံ့ကြေး ယွမ်၅၀၀ကို ရနိုင်ပါသေးတယ်၊ ပြီးခဲ့တဲ့နှစ်များက သူမ နေမကောင်းလို့ ခွဲစိတ်ကုသမှုခံဖို့ ယွမ်၅၀၀၀ သုံးခဲ့တယ်၊ အဲဒါကိုလည်း သက်ဆိုင်ရာဌာနက အသုံးစရိတ်ကို အကုန်လုံး စာရင်းရှင်းပေးခဲ့တယ်လို့ ပြောကြားပါတယ်။
အခု ကျင်ဖုန်ရွာထဲမှာ ကျေးရွာခရီးသွားလုပ်ငန်း စတင်ဖွံ့ဖြိုး လာတာကြောင့် တည်းခိုဆောင်များစွာကို တည်ဆောက်ထားပါတယ်။ စန်းမွှေးဟာ တစ်ခါတစ်လေ အလုပ် သွားလုပ်ပြီး တစ်နေ့ဆိုရင် ဝင်ငွေ တရုတ်ငွေယွမ် ၅၀ ရရှိ နိုင်ပါ တယ်။
စန်းမွှေးက သူမမှာ ဆန္ဒတစ်ခုရှိတယ်၊ မြန်မာနိုင်ငံတောင်ကြီးမှာနေတဲ့ အမေအတွက် အိမ်ဆောက်ပေးဖို့ ဖြစ်တယ်။ တောင်ကြီးမှာ အိမ်ဆောက်ဖို့ တရုတ်ငွေယွမ် ၃၊၄သောင်း လောက်ပဲလိုတယ်၊ ၃၊၄နှစ်ကြာပြီးနောက် ဒီဆန္ဒကို ဖေါ်ဆောင်နိုင်မယ်လို့ ပြောကြားပါတယ်ရှင်။
မြန်မာချွေးမရဲ့ တရုတ် ဆင်းရဲမှုပပျောက်ရေးလမ်းစဉ်_fororder_脱贫图片2
  (Unicode)
  【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
  ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
  ---------------------------------
  #“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
  # “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
  【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
  【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
  (Zawgyi)
  -----------------------------------