马宁
ကြက်မွေးမြူခြင်းနဲ့ ဆင်းရဲမှုပပျောက်ပြီး ချမ်းသာမှုဖန်တီးနိုင်
(GMT+08:00)2020-12-23 13:26:16  
  ရှက်ကျန့်ချိန်ဟာ မူလက ဟူနန်ပြည်နယ် ချိန်ကျိုးမြို့ရှိ အိမ်ခြံမြေ ရောင်းတဲ့ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့တယ်။ သူက ဟူနန်ပြည်နယ် တောင်ပိုင်း တောင်နက်ထဲမှာ နေထိုင်မှု ဘဝခက်ခဲတဲ့ အခြေအနေကို လေးလေးနက်နက် သိရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်က ဆင်းရဲမှုကို တိကျမှန်ကန်စွာ လျှော့ချရေးကို နက်ရှိုင်းစွာ စတင် တွန်းအားပေးပြီးနောက် ၂၀၁၇ခုနှစ်မှာ ရှက်ကျန့်ချိန်က သူ့စုငွေကို အကုန်ထုတ်ပြီးတော့   သဘာဝ အားသာချက်ကို အသုံးပြုပြီး ချိန်ကျိုးမြို့၊ ပေဟူရပ်ကွက်ရှိ ရွာသူရွာသားတွေကို ဦးဆောင်ကာ ကြက်ကို အတူတူ မွေးမြူလာခဲ့ပါတယ်။
  ရှက်ကျန့်ချိန်ဟာ တရုတ်ငွေ ယွမ်၁သန်းကျော်ကို ချေးပြီး သမဝါယမတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ဒေသခံ ဆင်းရဲတဲ့မိသားစု ၁၂၅ စုနဲ့ ကြက်မွေးမြူရေး အကျိုးတူ ပြောင်းလဲရေးစနစ်ကို ထူထောင်လိုက် ပါတယ်။ စတင်လုပ်ဆောင်တဲ့ အခါမှာ ရှက်ကျန့်ချိန်က ဆင်းရဲတဲ့ မိသားစုတွေ ကောင်းကျိုးရလဒ်ကို ကြည့်နိုင်ဖို့ စိတ်လောခဲ့ပေမဲ့ ကြက်မွေးမြူရေးအတွေ့အကြုံ မရှိတာကြောင့် အကုန်လုံး ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ပါတယ်။
  ၂၀၁၈ခုနှစ်မှာ ရှက်ကျန့်ချိန်က ချေးငွေနောက်တစ်ခုကို ရရှိ ပြီးတော့ ကြက်မျိုးရင်းကောင်းတွေကို တင်သွင်းလာခဲ့ပါတယ်။ ဒီအသုတ် ကြက်တွေကို နေ့တိုင်း တောင်ကြားစမ်းရေ တိုက်ပြီး အချိန်ဇယားအတိုင်း ကောက်ပဲသီးနှံကို အနည်းငယ်ကျွေးတဲ့အပြင် သစ်တောကြားရှိ မြက်ရိုင်းနဲ့ ပိုးမွှားကောင်တွေကိုပဲ ကျွေးလေ့ ရှိပါတယ်။ ဒါကြောင့် ကြီးပြင်းလာတဲ့အခါ ကြက်သားရဲ့ အရည်အသွေး ကောင်းမွန်တယ်။ အရသာလည်းလတ်ဆတ်တယ်။ မြို့ထဲမှာ ရောင်းချတဲ့အခါလည်း ရောင်းကောင်းပါတယ်။ ရှက်ကျန့်ချိန်နဲ့ ဆင်းရဲတဲ့မိသားစုတို့ မွေးမြူတဲ့ကြက်တွေကို ချိန်ကျိုးမြို့ရှိ ဈေးတန်းနဲ့ စားသောက်ဆိုင်တွေက များများ သွင်းတယ်။ ကွမ်တုန်းပြည်နယ်ရှိ ဈေးတန်းမှာလည်း ဒီကြက်သားကို သွင်းတယ်။ ရှေ့အလားအလာ တဖြည်းဖြည်းတောက်ပကောင်းမွန် လာတယ်။
  ၂၀၁၉ခုနှစ်မှာ ရှက်ကျန့်ချိန်ရဲ့သမဝါယမဟာ ကြက်အကောင် ၆သောင်းကျော်ကို ရောင်းချနိုင်ခဲ့ပါတယ်။ ကြက်မွေးမြူခြင်းနဲ့ ဆင်းရဲတဲ့ မိသားစု ၁၂၅စုတို့ဟာ ပျမ်းမျှဝင်ငွေ တရုတ်ငွေယွမ် ၄၀၀၀ တိုးများ ရရှိနိုင်တယ်လို့ စာရင်းအရ သိရပါတယ်။အခုတော့ ဆင်းရဲတဲ့မိသားစုအားလုံး ဆင်းရဲမှုပပျောက်ပြီဖြစ်တဲ့အပြင် အနီး တဝိုက်ရှိ လယ်သမားမိသားစု၁၀၀ကျော်ဟာ ဒီသမဝါယမမှာ ပါဝင်ကြပြီး ချမ်းသာမှုဖန်တီးတဲ့ လမ်းပေါ်ကို အတူတူ တက်လှမ်း နေကြပါပြီရှင်။
ကြက်မွေးမြူခြင်းနဲ့ ဆင်းရဲမှုပပျောက်ပြီး ချမ်းသာမှုဖန်တီးနိုင် 
  (Unicode)
  【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
  ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
  ---------------------------------
  #“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
  # “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
  【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
  【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
  (Zawgyi)
  -----------------------------------