马宁
ဆင်းရဲသူကနေ စိုက်ပျိုးရေးတတ်မြောက်သူ ဖြစ်လာ
(GMT+08:00)2020-12-15 19:26:41  
  ဒီနှစ် အသက် ၃၇နှစ် အရွယ်ရှိတဲ့ ကျောက်ကျန့်ရှင်းဟာ ဟိုပေပြည်နယ် ရော်ယန်ခရိုင် တာ့ကွမ်းထင်မြို့နယ် တောင်လီကောင်ရွာမှာ နေထိုင်တဲ့ လယ်သမား တစ်ဦးဖြစ်တယ်။ သူ့ရဲ့ အဖေက အင်မတန်ပြင်းထန်တဲ့ ရောဂါစွဲကပ်ပြီး ကုသမှုအတွက် ပိုက်ဆံများစွာ ကုန်ခဲ့လို့ ဆင်းရဲသွားတယ်။ ဆင်းရဲမှုပပျောက်စေရေး ဆောင်ရွက်သူတွေရဲ့ ကူညီပံ့ပိုးမှုဖြင့် ကျောက်ကျန့်ရှင်းဟာ ဖန်လုံအိမ် စိုက်ပျိုးရေး ချေးငွေ တရုတ် ယွမ်ငွေ ၅ထောင်ကိုရရှိပြီး စပျစ်သီးအသစ်တစ်မျိုးကို စတင် စိုက်ပျိုးခဲ့တယ်။ ဒါ့အပြင် သူက ခရိုင်ထဲမှာ စည်းရုံးကျင်းပတဲ့ “အသွင်ပုံစံသစ် လယ်သမားများ လေ့ကျင့် ပျိုးထောင်ရေး” သင်တန်းကိုလည်း တက်ရောက်ခဲ့ပါတယ်။ ၂၀၁၆ခုနှစ်က ကျောက်ကျန့်ရှင်းရဲ့ ပလပ်စတစ် ပေါင်းမိုးအိမ်ထဲမှာ စပျစ်သီး အထွက်ကောင်းခဲ့တဲ့အတွက် သူက မဆင်းရဲတော့ပါဘူး၊ တစ်နှစ်တာ အသားတင်ဝင်ငွေဟာ တရုတ်ယွမ်ငွေ ၇သောင်း နီးပါးလောက်ရှိခဲ့တယ်။ အခုအခါမှာတော့ ကျောက်ကျန့်ရှင်းဟာ ခရိုင်ထဲမှာ သီးသန့်ခန့်ထားတဲ့ လယ်ယာ နည်းပညာ ဝန်ထမ်းဖြစ်လာပြီး ဆင်းရဲရွာ ၈ရွာထဲမှာ စပျစ်သီးစိုက်ပျိုးရေး နည်းပညာဆိုင်ရာ ဖြန့်ချိရေး တာဝန်ကို သူထမ်းဆောင်ပါတယ်။ ရွာသားတွေကို ဦးဆောင်ပြီး ဝင်ငွေ တိုးပွားစေဖို့ သူ ဆောင်ရွက် နေပါပြီရှင်။
ဆင်းရဲသူကနေ စိုက်ပျိုးရေးတတ်မြောက်သူ ဖြစ်လာ
  (Unicode)
  【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
  ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
  ---------------------------------
  #“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
  # “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
  【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
  【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
  (Zawgyi)
  -----------------------------------