马宁
တရုတ်တိုင်းရင်းဆေးစိုက်ပျိုးခြင်းဖြင့် ဆင်းရဲမှုပပျောက်စေ
(GMT+08:00)2020-12-15 19:10:39  
  ဟေလုံကျန်းပြည်နယ် ဝမ်ခွေခရိုင် ကွန်ထိုအီရွာဟာ တာ့ရှင်းအန်းလင် တောင်ဘက်တောင်ခြေရှိ အရမ်းဆင်းရဲတဲ့ဒေသမှာ တည်ရှိပါတယ်။ ၂၀၁၈ခုနှစ်က ကွန်ထိုအီရွာဆိုင်ရာ ပထမ အတွင်းရေးမှူး ကျူဝင်ဝူရဲ့တွန်းအားပေးမှုဖြင့် ရွာထဲမှာ “ဆေးဝါးခြံ”တည်ဆောက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်လာခဲ့တယ်၊ ကွန်ထိုအီရွာရဲ့ တရုတ်တိုင်းရင်းဆေးကုန်ကြမ်း သိပ္ပံပညာသုတေသနပြုခြင်း နဲ့ ပျိုးပင်မျိုးပွားယူရေး အခြေခံစခန်းကို တည်ဆောက်ထားခဲ့ပါတယ်။ စစ်ဆေးကြည့်ရှုပြီးနောက် အတွင်းရေးမှူး ကျူဝင်ဝူရဲ့ဦးဆောင်မှုဖြင့် ရွာသူရွာသားတွေက ဆင်းရဲမှုပပျောက်စေနိုင်ပြီး ကျေးရွာပြန်လည်ရှင်သန်စေနိုင်ကာ ချမ်းသာမှုဖန်တီးနိုင်တဲ့ ရေရှည်လုပ်ငန်းတစ်ခုကို ရွေးချယ်ခဲ့တယ်၊ ဒီလုပ်ငန်းဟာ တရုတ်တိုင်းရင်းဆေး ဆေးပုလဲပင်ကို စိုက်ပျိုးခြင်းဖြစ်ပါတယ်။
  တရုတ်ဘယဆေးကို စိုက်ပျိုးလာပြီးနောက် ရွာသူရွာသားတွေရဲ့ဝင်ငွေဟာ အရင်တုန်းက တခြားရုက္ခပင်စိုက်ပျိုးပြီးရရှိတဲ့ဝင်ငွေရဲ့ ၃၊၄ဆဖြစ်တယ်၊ တစ်ရွာလုံး ဆင်းရဲတဲ့မိသားစု၈၀ကျော်က ဒီဘယဆေးစိုက်ပျိုးရေးလုပ်ငန်းထဲမှာ အကျိုးရရှိတယ်၊ ၂၀၁၉ခုနှစ်နှစ်ကုန်က ကွန်ထိုအီရွာရဲ့ ဆင်းရဲတဲ့မိသားစုအားလုံးက ဆင်းရဲမှု ပပျောက်ပြီဖြစ်ပါတယ်ရှင်။
တရုတ်တိုင်းရင်းဆေးစိုက်ပျိုးခြင်းဖြင့် ဆင်းရဲမှုပပျောက်စေ
  (Unicode)
  【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
  ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
  ---------------------------------
  #“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
  # “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
  【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
  【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
  (Zawgyi)
  -----------------------------------