马宁
သိပ္ပံနည်းပညာဖြင့် ဆင်းရဲမှုလျှော့ချ
(GMT+08:00)2020-12-14 18:13:20  
သိပ္ပံနည်းပညာဖြင့် ဆင်းရဲမှုလျှော့ချ
  (Unicode/Zawgyi)
  【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
  ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
  ---------------------------------
  #“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
  # “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
  【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
  【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
  Zawgyi:
  -----------------------------------
  -----------------------------------
သိပ္ပံနည်းပညာဖြင့် ဆင်းရဲမှုလျှော့ချ
  ဒီနှစ်မှာ ရှင်းကျန်း ဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ကာရှ်ဒေသ၊ ရှာချယ်ခရိုင်မှာ တရုတ်မိုပေါင်း ၈ သိန်းလောက် ကျယ်ဝန်းတဲ့ ဝါဂွမ်း အထွက် ကောင်းမွန်တယ်။ ဝါဂွမ်း ဆွတ်ခူးချိန် ရောက်တဲ့အခါ ကူဇယ်လက်ဘာကေရွာမှာ လူတွေက ဝါဂွမ်းစိုက်ခြံမှာ အလုပ် များနေတာကို တွေ့ရပါတယ်၊ နည်းပညာဝန်ထမ်းတွေက ဝါခင်းမှာ လယ်သမားများကို ဝါဂွမ်းကို ဘယ်လို စံကိုက်စွာ ဆွတ်ခူးသလဲ ဆိုတာကို လမ်းညွှန်ပြပေးနေပါတယ်။
  ရွာသူ အာဘူဒူရေဟိုမန် မိသားစုဟာ ဝါခင်း မိုပေါင်း၂၀ကို စိုက်ပျိုးထားတယ်၊ ဒါပေမဲ့ နှစ်စဉ် တစ်မိုဆိုရင် ကီလိုဂရမ် ၂၀၀ ကျော်သာ ဆွတ်ခူးနိုင်တယ်၊ အရင်တုန်းက သူဟာ ဝါဂွမ်း အထွက် နည်းလို့ လွန်စွာ စိတ်ညစ်ခဲ့တယ်။
  ယခုနှစ်များမှာ တရုတ်လယ်ယာစိုက်ပျိုးရေးသိပ္ပံပညာအကယ်ဒမီ ဝါဂွမ်း သုတေသနဌာနက နည်းပညာဝန်ထမ်းတွေဟာ လယ်သမားများအား အစကနေ အဆုံးအထိ နည်းပညာတွေ လမ်းညွှန်ပေး နေပါတယ်။ ဘယ်အချိန် ရေဖျန်း ရမလဲ၊ ဘယ်အချိန် ဆေးဖျန်း ရမလဲ ဆိုတာတွေ အပါအဝင် လယ်သမားများနဲ့အတူ ဝါဂွမ်းကို စီမံခန့်ခွဲကြတယ်။ ဒီနှစ်ကျတော့ ရှာချယ်ခရိုင်အတွက် ဝါဂွမ်း မျိုးကောင်းမျိုးသန့် ၇၅ တန်ကို အခမဲ့ ပေးပြီး ဒါနဲ့ ဝါဂွမ်း အထွက်ကောင်းဖို့ အာမခံပေးတယ်။ အာဘူဒူရေဟိုမန် မိသားစုက စိုက်ပျိုးတဲ့ ဝါဂွမ်းဟာ တစ်နှစ်ထက်တစ်နှစ် တိုးများလာပြီး အခုဆို တစ်မိုဆိုရင် ဝါဂွမ်း ကီလိုဂရမ် ၄၀၀ ဆွတ်ခူးနိုင်ပါပြီ။ အရည်အသွေးကောင်းလာပြီး ရောင်းဈေးလည်း တိုးလာတယ်။ သုတေသနဌာနက ဘက်ပေါင်းစုံကနေ နည်းပညာဝန်ဆောင်မှု ပံ့ပိုးပေးပြီး ရှာချယ်ခရိုင်အတွက် အရည်အသွေးကောင်းတဲ့ ဝါဂွမ်းထုတ်လုပ်ရေး အခြေစိုက်စခန်း တည်ဆောက်ဖို့ ကူညီပေးပါတယ်။
  ယခုနှစ်များအတွင်း ရှာချယ်ခရိုင်မှာ ဝါကြိတ်စက်ရုံများစွာ ဖွင့်လှစ်ထားတယ်၊ ရွာသူရွာသားများအတွက် အလုပ်အကိုင်နေရာများစွာကိုလည်း ဖန်တီးပေးပါတယ်ရှင်။