洪荃诠

ရှီကျင့်ဖိန်သည် ရာသီဥတုဆိုင်ရာ မြင့်မြတ်သောရည်မှန်းချက် ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

(GMT+08:00)2020-12-13 14:57:49  

ရှီကျင့်ဖိန်သည် ရာသီဥတုဆိုင်ရာ မြင့်မြတ်သောရည်မှန်းချက် ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ ရက်နေ့က ရာသီဥတုဆိုင်ရာ မြင့်မြတ်သောရည်မှန်းချက် ထိပ်သီးအစည်းအဝေးတွင် အတိတ်က အစဉ်အလာကောင်းကို ဆက်ခံ၍ အနာဂတ် ကဏ္ဍသစ်ကို ဖွင့်လှစ်ခြင်း၊ နိုင်ငံတကာ ရာသီဥတုပြောင်းလဲမှု ရင်ဆိုင် ဖြေရှင်းရေး ခရီးစဉ်သစ် ဖွင့်လှစ်ခြင်း ခေါင်းစဉ်ဖြင့် ဗီဒီယို မိန့်ခွန်း ပြောကြားပြီး တရုတ်ပြည် အကျိုးပြုစွမ်းဆောင်မှုသစ်များကို ကြေညာခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်သည် အဆိုပြုချက် သုံးရပ် တင်ပြပြီး ယင်းတို့သည် သွေးစည်းညီညွတ်၍ အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်သည့် ရာသီဥတု စီမံခန့်ခွဲရေး အခြေအနေသစ်ကို လက်တွဲ ဖန်တီးရန်၊ မြင့်မြတ်သောရည်မှန်းချက်တင်ပြီး ကိုယ့်စွမ်းရည်ဖြင့်ကိုယ်ကြိုးပမ်းဆောင်ရွက်သော ရာသီဥတု စီမံခန့်ခွဲရေး စည်းစနစ်သစ် ဖြစ်တည်စေရန်၊ ယုံကြည်စိတ် တိုးမြှင့်ပြီး မြစိမ်းရောင် နာလန်ပြန်ထူရေး ရာသီဥတု စီမံခန့်ခွဲမှု အမြင်သစ်ကို စွဲကိုင်ရန်တို့ ဖြစ်ပါသည်။
ရှီကျင့်ဖိန်က၊ ၂၀၃၀ ပြည့်နှစ် ရောက်သည့်အခါ တရုတ်နိုင်ငံသည် ဂျီဒီပီ တစ်ယူနစ်လျှင် ကာဗွန်အောက်ဆိုဒ် ထုတ်လွှတ်မှု ပမာဏ ၂၀၀၅ ခုနှစ်ကထက် ၆၅ ရာခိုင်နှုန်းကျော် လျော့နည်းစေမည် ဖြစ်ကြောင်း၊ ကျောက်ဖြစ်ရုပ်ကြွေး မဟုတ်သောစွမ်းအင် အချိုးအစားသည် စွမ်းအင်သုံးစွဲမှု စုစုပေါင်းပမာဏ၏ ၂၅ ရာခိုင်နှုန်း ဝန်းကျင် ရှိစေမည် ဖြစ်ကြောင်း၊ သစ်တော သိုလှောင်မှု ပမာဏမှာ ၂၀၀၅ ခုနှစ်ကထက် ကုဗမီတာ ၆ ဘီလီယံ တိုးသွားမည် ဖြစ်ကြောင်း၊ လေအား၊ နေရောင်ခြည်စွမ်းအင် လျှပ်စစ်ဓါတ်အားပေး ပမာဏမှာ ကီလိုဝပ် သန်း ၁၂၀၀ ကျော် ရှိမည် ဖြစ်ကြောင်း ပြောကြားပါသည်။