马宁
တရုတ်-မြန်မာနယ်စပ်ခရိုင်မှာ အိမ်မွေး ပိုးမျှင်ကောင်လုပ်ငန်းဖွံ့ဖြိုးခြင်းဖြင့် နယ်စပ်ဒေသခံများ ဆင်းရဲမှုပပျောက်ဖို့ အကူအညီပေး
(GMT+08:00)2020-12-10 13:24:03  
တရုတ်-မြန်မာနယ်စပ်ခရိုင်မှာ အိမ်မွေး ပိုးမျှင်ကောင်လုပ်ငန်းဖွံ့ဖြိုးခြင်းဖြင့် နယ်စပ်ဒေသခံများ ဆင်းရဲမှုပပျောက်ဖို့ အကူအညီပေး
  (Unicode/Zawgyi)
  【တီ..တီ.. သင်စာတိုတစ်စောင်လက်ခံရရှိပါတယ်:
  ၂၀၂၀ ခုနှစ် နှစ်ကုန် ကံစမ်းပွဲကြီးလာပါပြီ】
  ---------------------------------
  #“ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးနည်းလမ်းများ”
  # “ ၂၀၂၀ နှစ်ကုန်ကံစမ်းပွဲ”
  【ဒီပို့စ်အောက်မှာ မိမိရဲ့အမြင်ကိုရေးသားတာပဲဖြစ်ဖြစ် ၊ မိမိရဲ့ဓာတ်ပုံနဲ့ဗီဒီရိုကို သီးသန့်ပို့ပေးခြင်းပဲဖြစ်ဖြစ် ဘာလို့ဒီဆင်းရဲနွမ်းပါးမှုကလွတ်မြောက်တဲ့ဇာတ်လမ်းကို သဘောကျရတာလဲ၊ သို့မဟုတ် သင့်ဇာတိက ဒေသစာ၊ အခက်အခဲ ကိုပြောပြပြီး အားလုံအတူတူနည်းလမ်းရှာကာ ကြွယ်ဝတဲ့လမ်းကိုအမြန်ရှာတွေ့ဖို့ ကြိုးပမ်းကြပါစို့။】
  【ဒီအစီအစဉ်က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိဖြစ်ပြီး ပါဝင်သူများထဲက မှ ၁၀ဦးကိုရွေးချယ်ကာ အထူးပါဝင်သူဆုအဖြစ် CMG မှအမှတ်တရဆုလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။】
  Zawgyi:
  -----------------------------------
  -----------------------------------
တရုတ်-မြန်မာနယ်စပ်ခရိုင်မှာ အိမ်မွေး ပိုးမျှင်ကောင်လုပ်ငန်းဖွံ့ဖြိုးခြင်းဖြင့်
နယ်စပ်ဒေသခံများ ဆင်းရဲမှုပပျောက်ဖို့ အကူအညီပေး
  တရုတ်-မြန်မာနယ်စပ်ဒေသရှိ ယူနန်ပြည်နယ် တယ်ဟုန်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ လွန်ချွမ်ခရိုင်ဟာ ရှေးပဝေသဏီကတည်းကပဲ “ရှေးဟောင်း တောင်ပိုင်း ပိုးလမ်းမ”ပေါ်မှာ တည်ရှိပါတယ်။ ပထဝီအနေအထား၊ လူမျိုးစုယဉ်ကျေးမှု၊ ပညာရေး စတဲ့ အကြောင်းရပ်များကြောင့် ဒီနေရာက အရမ်းဆင်းရဲတဲ့ဒေသ နာမည်စာရင်းထဲမှာ ထည့်သွင်းခဲ့ဖူးတယ်။ ဒီနေရာမှာ အရင်တုန်းကလို ကြံပင်တွေ စိုက်ပျိုးတာနဲ့ နှိုင်းစာရင် ပိုးစာပင် စိုက်ပျိုးတာနဲ့ ပိုးမျှင်ကောင် မွေးမြူတာဟာ လယ်သမားများ အတွက် ဝင်ငွေ ပိုရရှိ စေနိုင်ပါတယ်။
  လွန်ချွမ်ခရိုင်ရှိ ပိုးထည်ကုမ္ပဏီဖြစ်တဲ့ တယ်ဟုန် ကျိန့်ရှင့်ကုမ္ပဏီဟာ တရုတ်-မြန်မာ နယ်စပ်ဒေသ ပထဝီ အားသာချက်ကို မိမိရရအသုံးပြုပြီး အိမ်မွေးပိုးမျှင်ကောင် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါတယ်။ လွန်ချွမ်ခရိုင်ရှိ ဆင်းရဲတဲ့မိသားစုများကို ဦးဆောင်ပြီး ဆင်းရဲမှုပပျောက်ရုံသာမက မြန်မာဘက်မှာ အိမ်မွေး ပိုးမျှင်ကောင်လုပ်ငန်း လုပ်ကိုင် သူများကို စည်းရုံးခြင်း၊ မြန်မာအလုပ်သမားတွေကို အလုပ်ခန့်ခြင်းနဲ့ မြန်မာ ပြည်သူများ ဆင်းရဲမှုလျှော့ချပြီး ဝင်ငွေတိုးများစေဖို့ အကူအညီပေး ပါတယ်။ ပိုးစာပင် စိုက်ပျိုးရေးနဲ့ ပိုးမျှင်ကောင် မွေးမြူရေးလုပ်ငန်းမှာ လယ်သမားများ တက်ကြွစွာ ပါဝင်လာစေဖို့ အတွက် တယ်ဟုန် ကျိန့်ရှင့်ကုမ္ပဏီက လယ်သမားများအတွက် ပိုးစာပျိုးပင်နဲ့ ပိုးမျှင်ကောင်ဥ စတဲ့ ကုန်ကြမ်း စရိတ်များ ကြိုတင်ထုတ်ပေးပြီး လယ်သမားများ အန္တရာယ် ကင်းရှောင်နိုင်ဖို့ တတ်နိုင်သလောက် ကူညီပေးပါတယ်။
  မြန်မာပြည်ဘက်မှာ တယ်ဟုန် ကျိန့်ရှင့်ကုမ္ပဏီဟာ ရွာ ၄၅၇ ရွာရှိ မိသားစု ၄၃၀၀ စုကို ပိုးစာပင် စိုက်ပျိုးရေးနဲ့ ပိုးမျှင်ကောင် မွေးမြူရေး လုပ်ဆောင်ဖို့ ကူညီ ပံ့ပိုးခဲ့ပါတယ်။ ၂၀၁၉ခုနှစ် တစ်နှစ်တာလုံး လတ်ဆတ်တဲ့ပိုးအိမ် တန်၈၀၀ ဝယ်ယူခဲ့ပါတယ်။ မိသားစုတစ်စုကို ပျမ်းမျှဝင်ငွေ တရုတ်ငွေ ယွမ် ၁သောင်းလောက် ရရှိခဲ့တယ်၊ ဝင်ငွေ အများဆုံးကတော့ ယွမ် ၁သိန်း ၂သောင်းလောက် ရှိပါတယ်။ တစ်ချိန်တည်းမှာ စက်ရုံမှာ မြန်မာအလုပ်သမား ၅၀၀ လောက် အလုပ်ခန့် ထားပါတယ်။ သူတို့အများစုက တရုတ်-မြန်မာနယ်စပ်ဒေသက လာတာပါ။
  ၂၀၁၉ခုနှစ်က လွန်ချွမ်ခရိုင်ဟာ ပိုးထည် အချောကိုင် ကုမ္ပဏီတစ်ခုကိုလည်း ဖိတ်ခေါ်လာခဲ့တယ်။ ဒီကုမ္ပဏီဟာ ဈေးကွက် စံချိန်စံနှုန်းမီ ပိုးထည်ရော အင်္ကျီပါ အချောကိုင် ထုတ်လုပ်နိုင်ပါတယ်။ ဒါဟာ တရုတ်-မြန်မာနယ်စပ်ဒေသခံများအတွက် ပိုမို များပြားတဲ့ ဆင်းရဲမှု ပပျောက်ရေး အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက အလုပ်နေရာ များစွာကိုလည်း ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်ရှင်။