张晓宁

ကာကွယ်ဆေး အသုံးပြုခြင်းသည် ကိုဗစ်၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အသုံးသတ်ရာ ကျရောက်ခြင်း မဟုတ်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ သတိပေး

(GMT+08:00)2020-12-06 16:53:26  

    ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ယခုလ ၄ရက်နေ့က ကျင်းပသည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ကာကွယ်ဆေး အသုံးပြုခြင်းသည် ကိုဗစ်၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အသုံးသတ်ရာ ကျရောက်ခြင်း မဟုတ်ကြောင်း၊ လက်ရှိ ကမ္ဘာတစ်ဝန်း ကိုဗစ် ၁၉ ကပ်ရောဂါ အခြေအနေသည် ဆိုးရွားနေသေးကြောင်း၊ ရောဂါ ကူးစက်ပြန့်ပွားမှု ရှေ့အလားအလာကို မခန့်မှန်းနိုင်သေးကြောင်း၊ နိုင်ငံ အသီးသီးတို့ အနေနှင့် ကိုယ့်နိုင်ငံ၏ ရောဂါ အခြေအနေနှင့် အညီ သင့်လျော်သည့် ရင်ဆိုင်ဖြေရှင်းရေး ဆောင်ရွက်ချက်များကို ကျင့်သုံးသင့်ကြောင်း၊ ကာကွယ်ဆေးကိုသာ မှီခိုအားထား၍ မရကြောင်း သတိပေး ပြောကြားသည်။