洪荃诠

ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၄၄၄၇၆၅၇ ဦး၊ နိုင်ငံရေးနဲ့ အတွေးအခေါ် ရန်ငြိုးထားမှု ရပ်သင့်ပြီ

(GMT+08:00)2020-12-04 12:01:36  

သိပံ္ပနည်းပညာ လေ့လာစုံစမ်းမှုများ ပြုလုပ်တာနဲ့အမျှ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ စောစောကတည်းကပဲ လူသားများထဲမှာ ကူးစက်ပျံ့နှံ့နေပြီလို့ သက်သေ အထောက်အထားများက ပြသထားပါတယ်။
အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာမှ သိပံ္ပပညာရှင်တွေက နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ သုတေသနပြု ရလဒ်အရ၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ ကြားမှာ သိမ်းဆည်းခဲ့တဲ့ ကယ်လီဖိုးနီးယား၊ အိုရေဂွန်နဲ့ ဝါရှင်တန် စတဲ့ ပြည်နယ်တွေမှ သွေးနမူနာထဲမှာ ကိုဗစ်-၁၉ Antibodyကို တွေ့ရှိခဲ့ပြီ။ ဆိုလိုတာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အလယ်ပိုင်းကတည်းကပဲ အမေရိကန်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရသူ ရှိနေခဲ့ပြီ။
   အထက်ပါအကြောင်းများ ဖေါ်ပြတာဟာ ဗိုင်းရပ်စ်ရဲ့ အရင်းအမြစ်က ဘယ်ကလာသလဲ ဆိုတာကို ကောက်ချက်ချဖို့အတွက် မဟုတ်ဘဲ၊ ကိုဗစ်-၁၉ ဗိုင်းရပ်စ် လူသားများထဲမှာ စတင် ကူးစက်ပျံ့နှံ့တဲ့အချိန်ဟာ အရင်တုန်းက သိမြင်တာထက် ပိုစောတာကို သိစေချင်လို့ပဲ ဖြစ်ပါတယ်။
   ကူးစက်ရောဂါဒဏ်ကို အစောဆုံး ခံခဲ့ရတဲ့ တရုတ်နိုင်ငံဟာ အနောက်နိုင်ငံမှ မီဒီယာ၊ နိုင်ငံရေးသမားများ အထူးသဖြင့် တရုတ်ပြည်ကို ဆန့်ကျင်တဲ့ အင်အားစုတွေရဲ့ မဟုတ်မမှန် ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရတယ်။ သူတို့ဟာ အတွေးအခေါ်ဆိုင်ရာ တစ်ဖက်သတ် တစ်ယူသန် အမြင်တွေနဲ့ နိုင်ငံရေး ရည်မှန်းချက်ကြောင့် ဒီလို လုပ်ခဲ့ကြတာ ဖြစ်တယ်။
   ဒီလ ၃ ရက်နေ့အထိ တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၄၄၄၇၆၅၇ ဦး ရှိပြီလို သတင်းရရှိပါတယ်။
   နိုင်ငံရေးနဲ့ အတွေးအခေါ် ရန်ငြိုးထားမှု ရပ်သင့်ပြီ။ အရှေ့တိုင်းရော အနောက်တိုင်းပါ အရင်းရှင်ဝါဒရော ဆိုရှယ်လစ်ဝါဒပါ မိမိတို့ လုပ်သင့်တာဟာ သဘောကွဲလွဲမှုနဲ့ တစ်ဖက်သတ် တစ်ယူသန် အမြင်တွေကို စွန့်ပစ်ပြီး ကိုဗစ်-၁၉ကို လက်တွဲ တိုက်ဖျက်ဖို့ပဲ ဖြစ်တယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။