洪荃诠

ရှီကျင့်ဖိန်သည် ချင်းဟွာတက္ကသိုလ် စီးပွားရေး စီမံခန့်ခွဲမှုကောလိပ် အကြံပေးကော်မတီ ၂၀၂၀ပြည့်နှစ် အစည်းအဝေးတွင် ဗီဒီယို မိန့်ခွန်း ပြောကြား

(GMT+08:00)2020-12-04 11:59:14  

ရှီကျင့်ဖိန်သည် ချင်းဟွာတက္ကသိုလ် စီးပွားရေး စီမံခန့်ခွဲမှုကောလိပ် အကြံပေးကော်မတီ ၂၀၂၀ပြည့်နှစ် အစည်းအဝေးတွင် ဗီဒီယို မိန့်ခွန်း ပြောကြား

ချင်းဟွာတက္ကသိုလ် စီးပွားရေး စီမံခန့်ခွဲမှုကောလိပ် အကြံပေးကော်မတီ ၂၀၂၀ပြည့်နှစ် အစည်းအဝေးကို ဒီဇင်ဘာလ ၃ရက်နေ့တွင် ပီကင်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီဒီယိုမိန့်ခွန်း ပြောကြားပြီး ယင်းကော်မတီ ထူထောင်ခြင်း နှစ် ၂၀ပြည့်အတွက် ထောမနာ ပြုပါကြောင်း ဖော်ပြပါသည်။
ရှီကျင့်ဖိန်က တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကြောင့် ကမ္ဘာ့စီးပွားရေးကို ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း၊ နိုင်ငံအသီးသီးတို့ အနေနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ပြီး ဘက်ပေါင်းစုံဝါဒကို စွဲကိုင်ကာ၊ စိန်ခေါ်မှုများကို အတူရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံသည် ပညာရေးနှင့် သိပ္ပံနည်းပညာ နိုင်ငံတကာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် အားဖြည့်ဆောင်ရွက်လိုကြောင်း၊ ကော်မတီဝင်များအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ အကြံပြုချက် ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။