洪荃诠

တရုတ်နိုင်ငံသည် တရုတ်-ကုလသမဂ္ဂ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖွဲ့သို့ စုစုပေါင်း ကန်ဒေါ်လာ သန်း ၁၀၀ ရန်ပုံငွေ ထည့်သွင်းပေးပြီး နိုင်ငံနှင့်ဒေသ ၁၀၀ကျော် အကျိုးရရှိ

(GMT+08:00)2020-12-04 11:57:22  

ယခုနှစ်သည် ကုလသမဂ္ဂ ထူထောင်ခြင်း ၇၅နှစ်ပြည့်ဖြစ်သည့်အပြင် တရုတ်-ကုလသမဂ္ဂ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖွဲ့ ထူထောင်ခြင်း ၅နှစ်ပြည့်လည်း ဖြစ်ပါသည်။
လွန်ခဲ့သည့် ၅နှစ် အတွင်း တရုတ်အစိုးရသည် ယင်းရန်ပုံငွေအဖွဲ့သို့ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရန်ပုံငွေ ထည့်သွင်းပေးခဲ့ပါသည်။ တရုတ်နှင့် ကုလသမဂ္ဂ တို့၏ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယင်းရန်ပုံငွေအဖွဲ့သည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး နယ်ပယ်မှ လုပ်ငန်းစဉ် ၉၅ ကို ရွေးချယ်ပြီး ဦးစားပေး ထောက်ခံကာ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အိုရှင်းနီးယားတိုက်မှ နိုင်ငံနှင့် ဒေသ ၁၀၀ ကျော်သည် အကျိုးရရှိခဲ့ပါသည်။ ယင်းသည် လက်တွေ့ ဆောင်ရွက်မှုနှင့် ခိုင်မာသောအောင်ကျိုး ရလဒ်များဖြင့် ဘက်ပေါင်းစုံဝါဒကို ထိန်းသိမ်းပြီး ကုလသမဂ္ဂ၏ အမြုတေကျသော ဦးဆောင်မှု အခန်းကဏ္ဍကို ထိန်းသိမ်းကာကွယ်ပါသည်။
၂၀၁၅ခုနှစ်တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က ကုလသမဂ္ဂထူထောင်ခြင်း နှစ် ၇၀ပြည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရာတွင် တရုတ်-ကုလသမဂ္ဂ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖွဲ့ကို ထူထောင်ရန် ကြေညာခဲ့ပါသည်။ ယင်းသည် တရုတ်နိုင်ငံက ပထမဆုံးအကြိမ် ရန်ပုံငွေဖြင့် ကုလသမဂ္ဂ၏ လုပ်ငန်းများကို ထောက်ခံခြင်းဖြစ်ပါသည်။