洪荃诠

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ရှင်းကျန်း၏ အလုပ်အကိုင် နေရာချထားရေး ထိန်းသိမ်း ကာကွယ်မှု စက္ကူဖြူစာတမ်းကို ထုတ်ပြန်

(GMT+08:00)2020-12-04 12:14:16  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် မကြာခင်က ရှင်းကျန်း၏ အလုပ်အကိုင်နေရာချထားရေး ထိန်းသိမ်းကာကွယ်မှုစက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။
၂၀၁၄ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှ အလုပ် လုပ်ကိုင်သူ ဦးရေမှာ ၁၁၃.၅၂၄ သိန်းမှ ၁၃၃.၀၁၂ သိန်းသို့ တိုးများလာပြီး မြို့ပြနေထိုင်သူများ၏ ပျှမ်းမျှဝင်ငွေမှာ ယွမ် ၂၃၂၀၀ မှ ယွမ် ၃၄၇၀၀ သို့ တိုးများလာကာ ကျေးလက်နေထိုင်သူများ၏ ပျမ်းမျှဝင်ငွေမှာ ၈၇၂၄ယွမ်မှ ယွမ် ၁၃၁၀၀ သို့ တိုးများလာကြောင်း စက္ကူဖြူစာတမ်းတွင် ဖေါ်ပြထားပါသည်။