洪荃诠

မော်ရစ်စွန်ကို ထောက်ခံတဲ့ အနောက်နိုင်ငံ နိုင်ငံရေးသမားတို့ဟာ တကယ် မမြင်တာလား သို့မဟုတ် မြင်ပေမယ့် မမြင်ချင်ယောင်ဆောင်တာလား

(GMT+08:00)2020-12-04 12:02:24  

 အခုလောလောဆယ်မှာ သြစတြေးလျ တပ်သားများက အာဖဂန်မှာ အပြစ်မဲ့ အရပ်သူ အရပ်သားများကို အရမ်းကာရော ရက်ရက်စက်စက် သတ်ဖြတ်တဲ့ ဖြစ်ရပ်ဆိုးဟာ ဘက်အသီးသီးတို့ရဲ့ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချမှု ခံနေရပါတယ်။ တရားမျှတတဲ့စကား ပြောတဲ့ တရုတ်ပြည်ကို တရားမျှတတဲ့စကား ပြောတဲ့ အတွက် တောင်းပန်ဖို့ သြစတြေးလျ ဝန်ကြီးချုပ် မော်ရစ်စွန်က တောင်းဆိုခဲ့ခြင်းဟာ “ဝမ်းနည်းဖွယ်ရာ ဟာသ” တစ်ခု ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သြစတြေးလျ နာမည်ကြီး သတင်းထောက် ပီရ်ဂ်က မော်ရစ်စွန်ရဲ့ ဒီလုပ်ရပ်ဟာ သြစတြေးလျကို အကောင်းဆုံး ရောင်းဝယ်ဘက် တစ်ခု ဆုံးရှုံးစေပြီး အားကောင်းတဲ့ ရန်သူ တစ်ဦး တိုးလာစေကာ အရမ်းလှတဲ့ လုပ်ရပ်ပဲလို့ ကဲ့ရဲ့ ပြောဆိုခဲ့တယ်။
   ဒါပေမယ့် မော်ရစ်စွန်က လူအများရဲ့ ပြစ်တင်မှုကို မခံနိုင်လို့ အဲဒီကိစ္စကို ပိုကြီးလာအောင် မဖြစ်စေချင်ဘူးလို့ ပြောတဲ့အခါ သြစတြေးလျရဲ့ မဟာမိတ် နိုင်ငံတချို့မှ နိုင်ငံရေးသမားတို့ကတော့ ကိစ္စပိုကြီးအောင် ပိုပြင်းထန်လာအောင် သွေးထိုး လုပ်ဆောင် ကြတယ်။ ဆိုးသွမ်းရက်စက်တဲ့ လူသားမဆန်တဲ့ ပြစ်မှုကျူးလွန်မှုဟာ အနောက်နိုင်ငံ မီဒီယာများရဲ့ သတင်းဖြန့်တာကြောင့် သံတမန်ရေး အကြောင်းကိစ္စ ဖြစ်လာပါတယ်။ ဒါနဲ့ မော်ရစ်စွန်ကို ထောက်ခံတဲ့ အနောက် နိုင်ငံရေးသမားတို့ဟာ တကယ် မမြင်တာလား သို့မဟုတ် မြင်ပေမယ့် မမြင်ချင်ယောင်ဆောင်တာလား။
   သြစတြေးလျရဲ့ မဟာမိတ်နိုင်ငံအဖြစ်နဲ့ အမေရိကန်၊ ဗြိတိန် အပါအဝင် အဲဒီ နိုင်ငံတွေရဲ့ တပ်ဖွဲ့များဟာလည်း ဒေသခံ အရပ်သူအရပ်သားများကို အကြောင်းမဲ့ နှိပ်စက်ကလူ ပြုခြင်း အခြေအနေလည်း အလွန် ပြင်းထန်ဆိုးဝါးတယ်လို့ သတင်း ရရှိပါတယ်။ ပိုသာပိုမည် လိုမည် မဟုတ်။ လူ့အခွင့်အရေး အကဲခတ်အဖွဲ့မှ အာဖဂန် ပြဿနာဆိုင်ရာ အဆင့်မြင့် သုတေသီ ဂေါ်စမန်က၊ သြစတြေးလျ တပ်ဖွဲ့ဟာ အာဖဂန်မှာ အဲဒီလို ဆိုးသွမ်းရက်စက်တဲ့ လုပ်ရပ်ကို ပြုလုပ်ခဲ့တဲ့ တစ်ခုတည်းသော တပ်ဖွဲ့ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ တခြားသော သတင်းစုံရ ပုဂ္ဂိုလ် တစ်ဦးကလည်း သြစတြေးလျ စစ်သားများ ဘာတွေလုပ်လုပ်၊ ဗြိတိန်နဲ့ အမေရိကန် စစ်သားများက သူတို့ထက် ပို လွန်လွန်းတယ်လို့ သြစတြေးလျ ကာကွယ်ရေး အတိုင်ပင်ခံ ကလွန်ဘ်ဝေါဇ်ကို ပြောပြခဲ့ပါတယ်။ ဒါကြောင့်မို့ အမေရိကန်နဲ့ ဗြိတိန်တို့က သြစတြေးလျကို ထောက်ခံတဲ့ ရည်ရွယ်ချက်ဟာ တရုတ်ပြည်အား ခြိမ်းခြောက်မှု ပြုပြီး ဒီလိုနဲ့ သူတို့ရဲ့ ပြစ်မှုများ မပေါက်ကြားဖို့၊ သူတို့ရဲ့ လူ့အခွင့်အရေး မျက်နှာဖုံး အတူ အချွတ်မခံရဖို့ တားဆီးရန်ပဲ ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။