洪荃诠

အမေရိကန်က ရှင်းကျန်း လုပ်ငန်းကုမ္ပဏီများကို ဖိနှိပ်သည့်ရည်ရွယ်ချက်မှာ ရှင်းကျန်းတည်ငြိမ်မှုနှင့် စည်ပင်သာယာမှုကို ရှုပ်ထွေးအောင်လုပ်ခြင်းဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2020-12-04 12:13:29  

အမေရိကန်သက်ဆိုင်ရာဌာနမှ ထုတ်ပြန်သော ရှင်းကျန်း ထုတ်လုပ်ရေးနှင့် တည်ဆောက်ရေးCorpsမှ ဂွမ်းနှင့် ဂွမ်းထည်တင်သွင်းရန် တားဆီးပိတ်ပင်ရေးအမိန့်ကို ရည်ရွယ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က အမေရိကန်ဘက်သည် ဖိနှိပ်ခြင်း၊ အရေးယူပိတ်ဆို့ခြင်းနည်းလမ်းဖြင့် ရှင်းကျန်း လုပ်ငန်း ကုမ္ပဏီများကို ဖိနှိပ်မှုများ ပြုပြီး ရှင်းကျန်း တည်ငြိမ်မှုနှင့် စည်ပင်သာယာမှုကို ရှုပ်ထွေးအောင်လုပ်၍ တရုတ်နိုင်ငံအနေနှင့် လိုအပ်သော ဆောင်ရွက်ချက်များကို ဆက်လက်ကျင့်သုံးကာ တရုတ်သက်ဆိုင်ရာတို့၏ တရားဝင်အခွင့်အရေးကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ပါသည်။