洪荃诠

ကုလသမဂ္ဂ အထူးညီလာခံ ကျင်းပခြင်းသည် အရေးကြီးသောအဓိပ္ပါယ် ရှိပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2020-12-04 11:58:16  

ကုလသမဂ္ဂ အထူးညီလာခံ ကျင်းပခြင်းသည် အရေးကြီးသောအဓိပ္ပါယ် ရှိပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ဒီဇင်ဘာလ ၃ရက်နေ့မှ ၄ရက်နေ့အထိ ကုလသမဂ္ဂသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အထူးညီလာခံကို ကျင်းပပါသည်။ တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် ကိုယ်စား ကုလသမဂ္ဂ အထူးညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ဗီဒီယို မိန့်ခွန်း ပြောကြားမည်ဖြစ်ပါသည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က ကုလသမဂ္ဂသည် ကိုဗစ်-၁၉ ဆိုင်ရာ ကုလသမဂ္ဂအထူးညီလာခံကို ကျင်းပခြင်းသည် အရေးကြီးသော အဓိပ္ပါယ် ရှိပါကြောင်း ယခုလ ၃ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။
ဟွာချွင်ယဉ်က ယင်းညီလာခံတွင် ဘက်ပေါင်းစုံဝါဒ၊ စည်းလုံးညီညွတ်စွာဖြင့် ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရန် အားကောင်းသော၊ အပြုသဘောဆောင်သော အချက် ပြနိုင်ရန် တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့်အတူ တွန်းအားပေး ဆောင်ရွက်မည်ဟု ပြောကြားခဲ့ပါသည်။