洪荃诠

ချန်အို အမှတ်-၅ လကမ္ဘာ စူးစမ်းရေးယာဉ်သည် လကမ္ဘာမြေပြင်၌ အော်တိုမက်တစ် နမူနာယူ၊ နမူနာထုပ်ပိုး၊ နမူနာသိုလှောင်၊ လည်ပတ်မှု အခြေအနေ ပုံမှန် ဖြစ်နေ

(GMT+08:00)2020-12-04 12:00:41  

ချန်အို အမှတ်-၅ လကမ္ဘာ စူးစမ်းရေးယာဉ်သည် လကမ္ဘာမြေပြင်၌ အော်တိုမက်တစ် နမူနာယူ၊ နမူနာထုပ်ပိုး၊ နမူနာသိုလှောင်၊ လည်ပတ်မှု အခြေအနေ ပုံမှန် ဖြစ်နေ_fororder___172.100.100.3_temp_9500031_1_9500031_1_1_94cfd04c-05ff-4919-9366-ce425dd25b9e 

ချန်အို အမှတ်-၅ လကမ္ဘာ စူးစမ်းရေးယာဉ်သည် လကမ္ဘာပေါ်တွင် ၁၉ နာရီကြာ အလုပ် လုပ်ခဲ့ပြီးနောက် ပီကင်းစံတော်ချိန် ယခုလ ၂ ရက်နေ့ ည ၁၀ နာရီတွင် လကမ္ဘာမြေပြင်၌ အော်တိုမက်တစ် နမူနာယူ နမူနာထုပ်ပိုး နမူနာသိုလှောင်ခြင်းတို့ကို ပြီးအောင် လုပ်ဆောင်ခဲ့ကြောင်း၊ လဆင်းယာဉ်၏ လကမ္ဘာမြေဆီလွှာ တိုင်းတာရေးစက်သည် ပုံမှန် လည်ပတ် အလုပ်လုပ်နေကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။ 
    ချန်အို အမှတ်-၅ လကမ္ဘာ စူးစမ်းရေးယာဉ်သည် ယခုလ ၁ ရက်နေ့က လကမ္ဘာပေါ်သို့ အောင်မြင်စွာ ဆင်းသက်ခဲ့ခြင်း ဖြစ်ပြီး ဆင်းသက်ခြင်း ဓါတ်ပုံများကိုလည်း ပေးပို့နေလျက် ရှိပါသည်။ နိုင်ငံခြား အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် မီဒီယာများသည် အာကာသ စူးစမ်းရေးနယ်ပယ်၌ တရုတ်ပြည်က နောက်ထပ်တစ်ကြိမ် အရေးကြီး ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ခြင်းကို အသီးသီး ထောမနာ ပြုကြသည်ဟု သတင်းရရှိပါသည်။