邹立莹

Morrison၊ ဝမ်းနည်းစရာကောင်းတဲ့ ဟာသ

(GMT+08:00)2020-12-03 13:03:26  

မကြာခင်က သြစတြေးလျ ကာကွယ်ရေး ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ တစ်ရပ်ကို ထုတ်ပြန်ပြီး အာဖဂန်နိုင်ငံမှာ သြစတြေးလျတပ်ဖွဲ့က အပြစ်မဲ့ အရပ်သူအရပ်သားများကို အရမ်းကာရော သတ်ဖြတ်ခဲ့ကြတဲ့ လူသားမဆန်တဲ့ ရာဇဝတ် ပြစ်မှုကျူးလွန်မှုများကို စုံလင်စွာ ဖေါ်ပြထားပါတယ်။ ဒီထဲမှာ အသက် ၁၄ နှစ်အရွယ် ကလေး နှစ်ယောက်ရဲ့ လည်ပင်းကို ဓါးနဲ့ လှီးသတ်ပြီး မြစ်ထဲမှာ ပစ်ချခြင်း စတာတွေလည်း ပါဝင်ပါတယ်။ သြစတြေးလျ တပ်ဖွဲ့ရဲ့ ဆိုးသွမ်းရက်စက်တဲ့ လုပ်ရပ်ကို နိုင်ငံတကာ မိသားစုကြီးက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ နေပါတယ်။

ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး သြစတြေးလျ ဝန်ကြီးချုပ် Morrison က တောင်းပန်ခြင်း မရှိဘဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက လူမှုကွန်ရက်မှာ သြစတြေးလျ တပ်ဖွဲ့ရဲ့ ရက်စက်ဆိုးသွမ်းတဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချတဲ့ ကာတွန်း ပန်းချီ တစ်ခု တစ်ဆင့် တင်ပြခြင်း အပေါ် မကျေမနပ် ဖြစ်ပြီး တရုတ်နိုင်ငံက ဒါ့အတွက် တောင်းပန်ရမယ်လို့ အရှက်မရှိ တောင်းဆိုခဲ့တယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက လူမှုကွန်ရက်မှာ တင်ထားတာဟာ သြစတြေးလျဘက်မှ ထုတ်ပြန်တဲ့ အစီရင်ခံစာပါ အကြောင်းအရာ အရ ပန်းချီဆရာတစ်ဦး ဆွဲထားတဲ့ ကာတွန်းပန်းချီ ဖြစ်ပါတယ်။ ဓါတ်ပုံမဟုတ်ပေမယ့် ဖေါ်ပြတဲ့ အကြောင်းအရာက အဖြစ်မှန်ပဲ ဖြစ်ပါတယ်။ သြစတြေးလျ ဝန်ကြီးချုပ် အနေနဲ့ Morrison လုပ်သင့်တာဟာ သံဝေဂ ရပြီး လက်သည်ကို အရေးယူဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် Morrison ဟာ အဲဒီလို လူသားမဆန်တဲ့ ဆိုးသွမ်းရက်စက်တဲ့ လုပ်ရပ်ကို လျစ်လျူရှုပြီး တရားမျှတတဲ့ အသံကို ရည်ရွယ်ပြီး ပြန်လှန်၍ စကားနာထိုးကာ အဲဒါဟာ လူအများ စက်ဆုပ်ရွံရှာဖွယ်ရာ လုပ်ရပ်တစ်မျိုးပဲ ဖြစ်ပါတယ်။

ပိုလန်နဲ့ ကမ္ဘောဒီးယားဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးဟောင်း Tony Kevin က သြစတြေးလျနိုင်ငံဟာ ဝမ်းနည်းစရာကောင်းတဲ့ ဟာသ တစ်ခု ဖြစ်လာနေတယ်လို့ သတိပေး ပြောကြားခဲ့တယ်။ တကယ်လို့ သြစတြေးလျ ခေါင်းဆောင်က ပြစ်မှုကျူးလွန်သူများကို အရေးမယူဘဲ၊ အာဖဂန် ပြည်သူများအား တောင်းပန်ခြင်း မပြုဘဲ ဆက်လက် အပြစ်မရှိအပြစ်ရှာ လုပ်ပါက သြစတြေးလျ နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ ကြေမွသွားမှာ မုချဧကန်ပဲလို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။