洪荃诠

တရုတ်-အာဆီယံကုန်စည်ပြပွဲသည် တစ်နေ့တခြား များပြားလာသည့် ဆွဲဆောင်မှုရှိဟု တရုတ်ဆို

(GMT+08:00)2020-12-01 13:50:28  

၁၇ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေးကို နိုဝင်ဘာလ ၃၀ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ ဘက်အသီးသီးတို့သည် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း အစီအစဉ် ၈၆ခုကို သဘောတူ စာချုပ်ချုပ်ဆိုပြီး စုစုပေါင်း ပမာဏမှာ တရုတ် ယွမ်ငွေ ၂၆၃့၈၇ဘီလီယံ ရှိကာ ယမန်နှစ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲထက် ၄၃့၆ရာခိုင်နှုန်း တိုးလာ၍ တိုးနှုန်းသည် လွန်ခဲ့သည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၁၇ကြိမ်တွင် အမြင့်ဆုံး ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရသည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယင်က ယင်းသည် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏တစ်နေ့တခြား များပြားလာသည့် ဆွဲဆောင်မှု ရှိခြင်းကို အပြည့်အဝ ပြသနေကြောင်း၊ ပိုမိုများပြားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများသည် ၄င်းပလက်ဖောင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများ ရရှိခဲ့ကြောင်း၊ တရုတ်ပြည်သည် နယ်ပယ်အသီးသီးတွင် အာဆီယံ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး ပိုမိုနွေးထွေးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်ကာ ဒေသတွင်းနှင့် ကမ္ဘာ အေးချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ထိန်းသိမ်းကာကွယ်ရန် အတွက် ပိုမိုကြီးမားသည့် အကျိုးပြုမှုများကို စွမ်းဆောင်လို ကြောင်း ပြောကြားသည်။