张晓宁

တရုတ်-ဂျပန် မြစိမ်းရောင် လမ်းကြောင်း ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖွင့်လှစ်မည်

(GMT+08:00)2020-11-26 17:24:56  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက ယမန်နေ့ ၂၅ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်-ဂျပန် မြစိမ်းေ ရာင်လမ်းကြောင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖော်ပြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ၄င်း၏ဂျပန်ခရီးစဉ် အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးမိုတယ်ဂီတိုရှိမီဆူနှင့် တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နှင့် ဂျပန်တို့သည် မကြာမီတွင် နှစ်ဖက်အကြား လူသွားလာရေး အဆင်ပြေ လွယ်ကူ စေသော မြစိမ်းရောင် လမ်းကြောင်း ကိုဖွင့်လှစ်ရန် ပူးတွဲကြေညာခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ ကျောက်လိကျန်းက ချစ်ကြည်သော ညှိနှိုင်းဆွေးနွေးမှုဖြင့် နှစ်နိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါတင်းကျပ်စွာကာကွယ်သည့် အခြေအနေအောက်တွင် နှစ်ဖက် ကုန်သည်များ အပါအဝင် လိုအပ်သောလူများအတွက် သွားလာရေးဆိုင်ရာ အဆင်ပြေ လွယ်ကူ စေသော မြစိမ်းရောင် လမ်းကြောင်းကို ဖွင့်လှစ်ရန် သဘောတူကြကြောင်း၊ ယင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နေသည့် ပုံမှန် အခြေအနေတွင် နှစ်ဖက်အကြား လူသွားလာမှု ပုံမှန် ပြန်ဖြစ်လာရေးနှင့် လုပ်ငန်းများ ပြန်လည်လည်ပတ်မှုကို တွန်းအားပေးရေးအတွက် အပြုသဘောဆောင်သော ဆောင်ရွက်ချက် တစ်ခုဖြစ်ကြောင်း ဖော်ပြပါသည်။