马宁

ရှီကျင့်ဖိန်သည် ဂျီ၂၀အုပ်စု ခေါင်းဆောင်များ ၁၅ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဒုတိယအဆင့်ကာလအစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2020-11-23 12:17:51  

ရှီကျင့်ဖိန်သည် ဂျီ၂၀အုပ်စု ခေါင်းဆောင်များ ၁၅ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဒုတိယအဆင့်ကာလအစည်းအဝေးသို့ တက်ရောက်

  တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ၂၂ရက်နေ့ညက ပီကင်းမြို့၌ ဗီဒီယိုနည်းလမ်းဖြင့် ဂျီ၂၀အုပ်စု ခေါင်းဆောင်များ ၁၅ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဒုတိယအဆင့်ကာလအစည်းအဝေးသို့ တက်ရောက်ပြီး ဆက်တိုက်ဖွံ့ဖြိုးရေးပြဿနာနှင့် ပတ်သက်၍ သဘောထင်မြင်ချက်ကို အလေးထားရှင်းလင်းပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

  ရှီကျင့်ဖိန်က သက်ညှာထောက်ထားမှု၊ ဆက်တိုက်ပြီးဆိုင်မာသောအနာဂတ်ကို ဖန်တီးပါက တစ်ကမ္ဘာလုံး၌ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းကိုအဆက်မပြတ်တွန်းအား ပေးခြင်းသည် အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ရောဂါအခြေအနေနှင့်ရင်ဆိုင်ဖြေရှင်းရာတွင် မိမိတို့အနေနှင့် အတိတ်ကအချိန်မှန်သမျှထက် ထိရောက်သောဆောင်ရွက်ချက်ကို ရှာဖွေရန် ပိုမိုလိုအပ်ပါကြောင်း၊ ပထမအချက်က ဦးစားပေးအတွေးအခေါ်ကို ပြတ်သားစွာ ဖွံ့ဖြိုးရကြောင်း၊ ဒုတိယအချက်က ဘက်စုံပြီး တန်းတူညီမျှသော နိုင်ငံရေးမူဝါဒကို ဆောင်ရွက်ရကြောင်း၊ တတိယအချက်ကတော့ ကောင်းမွန်သော နိုင်ငံတကာ စီးပွားရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးရကြောင်း ပြောကြားပါသည်။

  ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဆင်းရဲမှုပပျောက်စေရေးရည်မှန်းချက်ကို ၁၀နှစ်ကြာစောပြီး အကောင်အထည်ဖော်တော့မှာဖြစ်ကြောင်း ပြောကြားပါသည်။

  ယင်းထိပ်သီးအစည်းအဝေးတွင် “ဂျီ၂၀အုပ်စု ခေါင်းဆောင်များ ရီယတ်ထိပ်သီး အစည်းအဝေး ကြေညာချက်”ကို အတည်ပြုခဲ့ပါသည်။