马宁

ရှီကျင့်ဖိန်သည် G20ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့တက်ရောက်

(GMT+08:00)2020-11-23 10:42:24  

ရှီကျင့်ဖိန်သည် G20ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့တက်ရောက်

  တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် G20ခေါင်းဆောင်များ ရီယာတေထိပ်သီး အစည်းအဝေးသို့ ယခုလ ၂၂ ရက်နေ့က တက်ရောက်ခဲ့ပြီး မိန့်ခွန်း စကား ပြောကြား ခဲ့ကြောင်း၊ ယင်းအစည်းအဝေး၏ ဆောင်ပုဒ်သည် ကမ္ဘာကိုကာကွယ်ခြင်း ဖြစ်ကြောင်း Chian Media Group မှ သတင်းအရသိရပါသည်။

  ရှီကျင့်ဖိန်က ကမ္ဘာသည် ကျွန်တော်တို့၏ ဘုံနေအိမ်ဖြစ်ကြောင်း၊  လူသားကံကြမ္မာ အသိုက်အ၀န်း ကြံဆချက်ကို စွဲကိုင်သင့်ကြောင်း၊ ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင်နယ်ပယ်ရှိ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ဤအပြာရောင်ကမ္ဘာဂြိုဟ်ကို ကာကွယ်ရန် လက်တွဲလုပ်ဆောင်ရမည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရသိရပါသည်။