马宁

ဂျီ၂၀အုပ်စုခေါင်းဆောင်များ ၁၅ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ကျင်းပ

(GMT+08:00)2020-11-22 11:15:07  

  ဂျီ၂၀အုပ်စုခေါင်းဆောင်များ ၁၅ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၂၁ရက်နေ့မှ ၂၂ရက်နေ့အထိ ဗီဒီယိုနည်းလမ်းဖြင့် ကျင်းပနေကြောင်း၊ ဆော်ဒီအရေဗျနိုင်ငံ ဘုရင် Salmanသည် ယခုအကြိမ်ထိပ်သီးအစည်းအဝေးကို အွန်လိုင်းဦးစီးကျင်းပကြောင်း၊ ယခုအကြိမ်ထိပ်သီးအစည်းအဝေး၏ အရေးကြီး ခေါင်းစဉ်သည် နိုင်ငံတကာ မိသားစုကြီး အနေနှင့် ကိုဗစ်-၁၉ရောဂါ တိုက်ခိုက်မှုကို ပူးပေါင်းရင်ဆိုင်ဖြေရှင်းရန် မည်သို့ တွန်းအားပေးခြင်း ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

  ဂျီ၂၀အုပ်စုအလှည့်ကျသဘာပတိနိုင်ငံအနေဖြင့် ဆော်ဒီအရေဗျသည် အဖွဲ့ဝင်များအား အားဖြည့်ပူးပေါင်းဆောင်ရွက်ပြီး ကိုဗစ်-၁၉ရောဂါအခြေအနေကို လက်တွဲရင်ဆိုင်ဖြေရှင်းရန် ကြိမ်ဖန်များစွာပန်ကြားခဲ့ကြောင်း၊ ဆော်ဒီအရေဗျနိုင်ငံတော်ရောဂါကြိုတင် ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာဥက္ကဋ္ဌ Abdulla Al-Guizaniက တရုတ်နိုင်ငံသည် တကမ္ဘာလုံး ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးအတွက် စံနမူနာကိုစိုက်ထူပြီး တရုတ်-ဆော်ဒီအရေဗျ ကိုဗစ်-၁၉ရောဂါ ပူးပေါင်းတိုက်ဖျက်ရေးသည် တကမ္ဘာလုံး ကိုဗစ်-၁၉ရောဂါကို စည်းလုံးညီညွတ်စွာ တိုက်ဖျက်ရေးအတွက် အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။