马宁

ရှီကျင့်ဖိန်သည် ဂျီ၂၀အုပ်စုခေါင်းဆောင်များ ၁၅ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ ပထမ အဆင့်အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီးမိန့်ခွန်းပြောကြား

(GMT+08:00)2020-11-22 14:42:20  

ရှီကျင့်ဖိန်သည် ဂျီ၂၀အုပ်စုခေါင်းဆောင်များ ၁၅ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ ပထမ အဆင့်အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီးမိန့်ခွန်းပြောကြား

  တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ၂၁ရက်နေ့ညက ပီကင်းမြို့၌ ဗီဒီယိုနည်းလမ်းဖြင့် ဂျီ၂၀အုပ်စုခေါင်းဆောင်များ ၁၅ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ပထမ အဆင့်အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီးမိန့်ခွန်းပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် ဂျီ၂၀အုပ်စုခေါင်းဆောင်များ ၁၅ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ ပထမ အဆင့်အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီးမိန့်ခွန်းပြောကြား

  ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ကတိခံဝန်ချက်ကိုလိုက်နာဆောင်ရွက်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို နိုင်ငံအသီးသီးမှပြည်သူများ သုံးစွဲနိုင်သော အများသုံးပစ္စည်း ဖြစ်ရန်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပိုများသောနိုင်ငံများသည် ကျန်းမာရေးCode နိုင်ငံတကာ အပြန်အလှန်အသိအမှတ်ပြုရေးစနစ်ကို ပါဝင်ကြရန်မျှော်လင့်ကြောင်း၊ သိပ္ပံ နည်းပညာဆန်းသစ်တီထွင်ရေးနှင့် ဒီဂျစ်တယ်ပြုပြင်ပြောင်းလဲရေးဖြင့် ဖွံ့ဖြိုးရေး တွန်း အားသစ်ကို ဖော်ဆောင်ပေးကြောင်း၊ သင့်လျော်သောအချိန်တွင် နိုင်ငံတကာ စားနပ်ရိက္ခာဆုံးရှုံးမှုလျှော့ချရေးညီလာခံကျင်းပနိုင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ ဂျီ၂၀အုပ်စုသည် ကိုဗစ်-၁၉ရောဂါပုံမှန်ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ခေတ်ကာလတွင် တစ်ကမ္ဘာလုံး စီမံခန့်ခွဲရေး၌ ပိုမိုကြီးမားသောဦးဆောင်မှုအခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်သင့် ကြောင်း၊ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ပြတ်သားစွာထိန်းသိမ်း ရပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးရေးအခွင့်အရေးနှင့် အလားအလာကို ထိန်းသိမ်းရကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ် စီမံခန့်ခွဲရေးစည်းမျဉ်းဥပဒေကို ဘက်အသီးသီးနှင့်အတူ ဆွေးနွေးချမှတ်လိုကြောင်း၊ လူသားတို့၏ ကျန်းမာရေးလုံခြုံမှုကိုထိန်းသိမ်းစောင့်ရှောက်ရေး စနစ်ကို ခိုင်မာစွာထူထောင်ရပြီး လူသားကျန်းမာရေးအသိုက်အဝန်းကိုထူထောင်ရကြောင်း၊ ဖွံ့ဖြိုးရေးစနစ်သစ်သည် နိုင်ငံအသီးသီးအတွက် တရုတ်စီးပွားရေး အရည်အချင်းမြင့်မားသော ဖွံ့ဖြိုးရေးအောင်ကျိုး ရလဒ်များကိုမျှဝေခံစားရန် ပိုများသောအခွင့်ကောင်းများ ကိုဆောင်ကြဉ်းလာ မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါပုံမှန်ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ခေတ်ကာလတွင် ကမ္ဘာသည် ပြန်လည်ရှင်သန်လာမှာသေချာကြောင်း ပြောကြားပါသည်။