马宁

ဟောင်ကောင်ရေးရာဆိုင်ရာ Five Eyes မှ နိုင်ငံခြားရေးဝန်ကြီးတို့ ကြေညာချက် ထုတ်ပြန်ခြင်းအပေါ် ဗြိတိန်ဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချ

(GMT+08:00)2020-11-22 12:09:21  

  ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးတို့က ပူးတွဲ ကြေညာချက်ထုတ်ပြန်ပြီး၊  ဟောင်ကောင် ဥပဒေပြုရေးကောင်စီဝင်များကို ရည်ရွယ်သည့် ဆောင်ရွက်ချက်ကို တရုတ်အစိုးရက ပြန်လည် စဉ်းစားရန် တောင်းဆိုခဲ့ကြကြောင်း၊ ယင်းလုပ်ရပ်သည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဥပဒေပြုရေးကောင်စီအဖွဲ့ဝင်၏ အရည်အချင်းဆိုင်ရာ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီမှ ဆုံးဖြတ်ချက်အပေါ် အကြောင်းမဲ့သက်သက် ဝေဖန်ပြစ်တင်ခြင်း ဖြစ်ရုံသာမက၊ တရုတ်ပြည် အစိုးရ၏ ဟောင်ကောင်ရေးရာမူဝါဒကို ထင်ရာစိုင်း သရုပ်ဖျက်ခြင်း ဖြစ်ပြီး၊ ဟောင်ကောင် ရေးရာများနှင့် တရုတ်ပြည်တွင်းရေးကိစ္စတွင် ပြောင်ပြောင်တင်းတင်း ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သဖြင့်၊ တရုတ်ပြည်အနေနှင့် ပြတ်ပြတ်သားသားကန့်ကွက်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ယခုလ ၁၉ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။