马宁

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ တည်ထောင်ခဲ့သည့် ၂၅ နှစ်မြောက် စေ့စပ်ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2020-11-22 12:11:23  

  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် ၄င်းအဖွဲ့ တည်ထောင်ခဲ့သည့် ၂၅ နှစ်ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြုသည့် အနေဖြင့် ယခုလ ၁၉ ရက်နေ့က အဆင့်မြင့် အွန်လိုင်း စေ့စပ် ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ စည်းကမ်းသတ်မှတ်ချက်များကို အခြေခံထားသော နိုင်ငံတကာ ကုန်သွယ်ရေး စည်းစနစ်သည် ခုခေတ်ကာလအတွက် လက်တွေ့ကျသော အဓိပ္ပါယ်ရှိ နေသေးသော်လည်း ကုန်သွယ်ရေးပတ်ဝန်းကျင် ပြောင်းလဲမှုနှင့် လိုက်လျောညီထွေစေ အောင် စည်းကမ်းသတ်မှတ်ချက်များကို ပြုပြင်ပြောင်းလဲရန်လည်း လိုအပ်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများနှင့် လုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ်တို့က ၄င်းအစည်းအဝေးတွင် အလေးထားဖော်ပြခဲ့ကြသည်ဟု China Media Group မှ သတင်းအရသိရသည်။