马宁

ဒေသတွင်းစီးပွားရေးနာလန်ပြန်ထူခြင်းကို အတူတွန်းအားပေးရန်အေပက်အဖွဲ့ဝင်များအား မလေးရှားဝန်ကြီးချုပ်ပန်ကြား

(GMT+08:00)2020-11-22 11:15:38  

  အေပက်အဖွဲ့ ၂၇ ကြိမ်မြောက် ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို နိုဝင်ဘာလ ၂၀ ရက်နေ့ညက ဗီဒီယိုနည်းလမ်းဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေး ဦးစီး ကျင်းပသည့် မလေးရှား နိုင်ငံ ဝန်ကြီးချုပ်မိန်တယ်ရီက ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့ရာ၌ အေပက်အဖွဲ့ဝင်နိုင်ငံများအနေနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွင် စည်းလုံးညီညွတ်ပြီး ရောဂါပြီးခေတ်ကာလတွင် ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူခြင်းကို အတူ တွန်းအားပေးသင့်ကြောင်း ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

  မိန်တယ်ရီက အေပက်အဖွဲ့ ဖွဲ့စည်းတည်ထောင်ခဲ့သည့်နောက်ပိုင်းတွင် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး တစ်လျှောက်လုံးတွန်းအားပေးပြီး ဒေသတွင်း စီးပွားကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှု ကူးလူးဖလှယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အားသစ်လောင်းပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ အတူတိုက်ဖျက်နေသည့် အခြေအနေမျိုးတွင် အေပက်အဖွဲ့၏ အခန်းကဏ္ဍသည် ပိုမို သိသာထင်ရှားလာကြောင်း ဖော်ပြပါသည်။