马宁

APECမျှော်မှန်းချက်သစ်သည် အာရှ-ပစိဖိတ်စီးပွားရေးတိုးတက်မှုအတွက် တွန်းအားပေးမှုသစ်ကို ဖော်ဆောင်ပေးမည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှအရာရှိဆို

(GMT+08:00)2020-11-22 11:14:30  

  နိုဝင်ဘာလ ၂၀ရက်နေ့က APEC ၂၇ကြိမ်မြောက် ထိပ်သီးများ အလွတ်သဘော အစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ်အစည်းအဝေးတွင် “Bogor Goals”ကို ရရှိပြီး “၂၀၄၀ပြည့်နှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Putrajaya မျှော်မှန်းချက်”ကို အတည်ပြုခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ China Media Group မှ သတင်းအရ သိရပါသည်။

  တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ယန်ကျိန့်ဝေက မျှော်မှန်းချက်သစ်တွင် ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကိုထောက်ခံရန် ရေရှည်ကတိ ခံဝန်ချက်ကို ပြုလုပ်သည်ဟု ဖော်ပြကြောင်း၊ ဒေသတွင်းတစ်ပြေးညီဖြစ်စေရေးကို ပြတ်သားစွာ တွန်းအားပေးရန်စိတ်ပိုင်းဖြတ်ချက်ကို လည်း ဖော်ပြကြောင်း၊ ဒီဂျစ်တယ်စီးပွားရေး ရှင်သန်စွာဖွံ့ဖြိုးတိုးတက်ရေးခေတ်၏ ထူးခြားချက်လက္ခဏာကို ပြသထားကြောင်း၊ အာရှ-ပစိဖိတ်စီးပွားရေး တိုးတက်မှုအတွက်  တွန်းအားပေးမှုသစ်ကို ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။