马宁

ရောဂါပြီး ကာလတွင် ကမ္ဘာ့စီမံခန့်ခွဲရေးကို G20 မည်သို့ ဦးဆောင်ခြင်းနှင့် ပတ်သက်၍ ရှီကျင့်ဖိန် တိုက်တွန်းချက်များ တင်ပြ

(GMT+08:00)2020-11-22 12:15:15  

ရောဂါပြီး ကာလတွင် ကမ္ဘာ့စီမံခန့်ခွဲရေးကို G20 မည်သို့ ဦးဆောင်ခြင်းနှင့် ပတ်သက်၍ ရှီကျင့်ဖိန် တိုက်တွန်းချက်များ တင်ပြ

  ယခုလ ၂၁ရက်နေ့ညက G20 ခေါင်းဆောင်များ ၁၅ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီဒီယို နည်းလမ်းဖြင့် ပထမအဆင့် အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ ကိုဗစ် ၁၉ ရောဂါပြီး ကာလတွင် ကမ္ဘာစီမံခန့်ခွဲရေး၌ G20 အနေနှင့် မည်သို့ ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ တိုက်တွန်းချက်များကို တင်ပြခဲ့ကြောင်း၊ ယင်းတိုက်တွန်းချက်များတွင် အချက် ၄ချက် ပါဝင်ကြောင်း၊ ပထမအချက်က ကမ္ဘာတစ်ဝန်း ကိုဗစ်၁၉ ကာကွယ်တိုက်ဖျက်ရေး စနစ် တည်ထောင်ရန် ဖြစ်ကြောင်း၊ ဒုတိယ အချက်ကတော့ ကမ္ဘာ့ စီးပွားရေး လည်ပတ်မှုကို အဟန့်အတား မရှိအောင် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ တတိယ အချက်က ဒီဂျစ်တယ် စီးပွားရေး၏ တွန်းအားပေးမှု အခန်းကဏ္ဍကို ပြသရန် ဖြစ်ကြောင်း၊ စတုတ္ထအချက်ကတော့ သက်ညှာထောက်ထားမှု ပိုမိုများပြားသည့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်ရန် ဖြစ်ကြောင်း သိရသည်။

ရောဂါပြီး ကာလတွင် ကမ္ဘာ့စီမံခန့်ခွဲရေးကို G20 မည်သို့ ဦးဆောင်ခြင်းနှင့် ပတ်သက်၍ ရှီကျင့်ဖိန် တိုက်တွန်းချက်များ တင်ပြ

  ထို့အပြင် ရှီကျင့်ဖိန်က ကုလသမဂ္ဂကို အမြုတေထားသည့် နိုင်ငံတကာ စည်းစနစ်ကို တိုးမြှင့်ပြီး စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း စီမံခန့်ခွဲရေး ဖွဲ့စည်းပုံကို ပြီးပြည့်စုံစေကာ ဒီဂျစ်တယ် စီးပွားရေး ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး၍ ကမ္ဘာတစ်ဝန်း စိန်ခေါ်မှု အပေါ် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကို တိုးမြှင့်သင့်ကြောင်းလည်း ပြောကြားသည်။