马宁

“ရောဂါပြီးခေတ်ကာလတွင် ကမ္ဘာ ပြန်လည်ထူထောင်ရေး”ကမ္ဘာ့တတ်သိပညာရှင်များ ညီလာခံတွင် ဝမ်ယိမိန့်ခွန်းပြောကြား

(GMT+08:00)2020-11-22 11:16:15  

  တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၂၀ ရက်နေ့က “ရောဂါပြီးခေတ်ကာလတွင် ကမ္ဘာ ပြန်လည်ထူထောင်ရေး” ကမ္ဘာ့တတ်သိပညာရှင်များ ညီလာခံတွင် ဗီဒီယိုနည်းလမ်းဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

  ဝမ်ယိက နိုင်ငံအသီးသီးတို့အနေနှင့် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးအားဖြည့်ပြုလုပ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကို ဆောလျင်စွာ အနိုင်တိုက်ဖျက်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း၊ ကမ္ဘာ့စီမံခန့်ခွဲရေးစနစ်ကို ဆက်တိုက် ပြီးပြည့်စုံစေရေးအတွက် ဘက်ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး အားဖြည့်ပြုလုပ်သင့်ကြောင်း၊ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူခြင်းနှင့်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်တွက် တံခါးဖွင့်မှုနှင့် ဘက်အသီးသီးတို့အကြား ဆက်နွယ်မှုကို တစ်ဆင့်တိုး အားဖြည့်ဆောင်ရွက်သင့်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ညှိနှိုင်းဆွေးနွေးရေးနှင့် အပြန်အလှန်ယုံကြည်မှုကို တစ်ဆင့်တိုး အားဖြည့်ဆောင်ရွက်သင့်ကြောင်း ဖော်ပြပါသည်။