洪荃诠

တရုတ်ထူးခြားချက်ဝိသေသပါရှိသော ဆိုရှယ်လစ် ဥပဒေစိုးမိုးရေးလမ်းကြောင်းကို ဦးလည်မသုန် လျှောက်လှမ်းမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2020-11-18 14:30:16  

တရုတ်ထူးခြားချက်ဝိသေသပါရှိသော ဆိုရှယ်လစ် ဥပဒေစိုးမိုးရေးလမ်းကြောင်းကို ဦးလည်မသုန် လျှောက်လှမ်းမည်ဟု ရှီကျင့်ဖိန်ဆို

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ဥပဒေစိုးမိုးရေး ဘက်စုံဆောင်ရွက်ရေး လုပ်ငန်းအစည်းအဝေးကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပေကျင်း၌ ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်က တရုတ်ထူးခြားချက်ဝိသေသပါရှိသော ဆိုရှယ်လစ် ဥပဒေစိုးမိုးရေးလမ်းကြောင်းကို ဦးလည်မသုန် လျှောက်လှမ်းပြီး ဥပဒေစိုးမိုးရေး လမ်းကြောင်းပေါ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးစနစ်နှင့် စီမံအုပ်ချုပ်ရေးစွမ်းအား ခေတ်မီ တိုးတက်ရေးကို တွန်းအားပေးရမည်ဟု မှာကြားသည်။
ရှီကျင့်ဖိန်က ပြည်သူ၏အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးခြင်း၊ ပြည်သူ၏ လိုအင်ဆန္ဒကို တင်ပြခြင်း၊ ပြည်သူ၏အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ခြင်း၊ ပြည်သူ၏ ချမ်းသာသုခမှုကို တိုးပွားခြင်းတို့ကို ဥပဒေစိုးမိုးရေး ဘက်စုံဆောင်ရွက်သည့် ဖြစ်စဉ်တစ်ခုလုံးတွင် လက်တွေ့ကျကျ ဆောင်ရွက်ပြီး ဥပဒေစိုးမိုးရေးဖြင့် ပြည်သူများ ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်ရေးကို ကာကွယ် စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း၊ တရုတ်အမျိုးသားထူးချွန်သော ရိုးရာဥပဒေ ယဉ်ကျေးမှုကို ဆက်ခံသည့် တစ်ချိန်တည်းတွင် ပြည်ပက ဥပဒေစိုးမိုးရေးဆိုင်ရာ အကျိုးရှိသည့် အောင်မြင်မှုကိုလည်း လေ့လာ ကိုးကားရမည် ဖြစ်ကြောင်း ပြောကြားပါသည်။