宋冉

ချန်အာ အမှတ် ၄နှင့် ယွိထု အမှတ် ၂သည် ၂၄ကြိမ်မြောက် လကမ္ဘာနေ့(Moonday) အချိန်တွင် ဝင်ရောက်

(GMT+08:00)2020-11-15 15:57:47  

ချန်အာ အမှတ် ၄နှင့် ယွိထု အမှတ် ၂သည် ၂၄ကြိမ်မြောက် လကမ္ဘာနေ့(Moonday) အချိန်တွင် ဝင်ရောက်

ချန်အာ အမှတ် ၄နှင့် ယွိထု အမှတ် ၂သည် ၂၄ကြိမ်မြောက် လကမ္ဘာနေ့(Moonday) အချိန်တွင် ဝင်ရောက်

ချန်အာ အမှတ် ၄ လကမ္ဘာ မြေပြင်ဆင်းသက်ယာဉ်နှင့် ယွိထု အမှတ် ၂ လကမ္ဘာယာဉ်သည် နိုဝင်ဘာလ ၁၀ရက်နေ့ နံနက် ၃နာရီ ၁၂မိနစ်နှင့် နိုဝင်ဘာလ ၉ရက်နေ့ နံနက် ၁၀နာရီ ၁၇မိနစ်အချိန်တွင် လကမ္ဘာညအချိန် နားနေခြင်းကို အသီးသီး အဆုံးသတ်ပြီး နေရောင်ထိုးခြင်းဖြင့် အော်တိုမက်တစ် ပြန်လည် လည်ပတ်ကာ ၂၄ကြိမ်မြောက် လကမ္ဘာနေ့(moonday) အချိန်တွင် ဝင်ရောက်ကြောင်း သိရသည်။

ယခုအထိ ချန်အာ အမှတ် ၄သည် လကမ္ဘာကျောဘက်တွင် ကမ္ဘာမြေကြီးနေ့ (Earthday) ၆၇၇နေ့ကြာ ရှိပြီ ဖြစ်ပြီး စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း၊ မူလ စံချိန်သည် ယခင် ဆိုဗီယက်ယူနီယမ် နိုင်ငံမှ လကမ္ဘာယာဉ်၏ ကမ္ဘာမြေကြီးနေ့ ၃၂၁နေ့ကြာ ရှိခြင်း ဖြစ်ကြောင်း၊ ၄င်းစံချိန်ကို နှစ်ပေါင်း ၄၉နှစ်ကြာ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယွိထု အမှတ် ၂ လကမ္ဘာယာဉ် အနောက်မြောက်ဘက်သို့ အဆက်အပြတ် ပြေးဆွဲနေသည်နှင့် အမျှ ချန်အာ အမှတ် ၄ဆိုင်ရာ အမြုတေ အဖွဲ့မှ သိပ္ပံပညာရှင်များသည် ၄င်းယာဉ်များမှ ရရှိခဲ့သော အချက်အလက်များကို အသုံးပြုပြီး ဝမ်းသာဖွယ်ရာ  ကောင်းသည့် သိပ္ပံပညာ အောင်ကျိုးရလဒ်များ ဆက်တိုက် ရရှိနေကြောင်း သိရသည်။