马宁

နယူးဒေလီမြို့တော်တွင် ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားမှု အခြေအနေ အလွန်ဆိုးရွားလာ

(GMT+08:00)2020-11-09 14:08:25  

  အိန္ဒိယနိုင်ငံ မြို့တော်ဒေသကျန်းမာရေးဝန်ကြီးဂျာယင်က နယူးဒေလီမြို့တော်သည် ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားမှု အခြေအနေအဆိုးရွားဆုံးသော ကာလတွင် တည်ရှိနေကြောင်း ယခုလ ၈ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

  ယခုရက်များအတွင်း နယူးဒေလီမြို့တွင် ကိုဗစ် ၁၉ အတည်ပြုရောဂါသည်ဦးရေသည် ဆက်လက်တိုးများလာပြီး ပြီးခဲ့သည့် ၆ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ် ၁၉ အတည်ပြု ရောဂါသည် ၇၀၀၀ ကျော် တိုးများလာပြီး စံချိန်သစ် တင်ခဲ့သည်ဟု သတင်းအရ သိရသည်။