辛甜

ရှီကျင့်ဖိန်သည် တရုတ်ပြည် တံခါးဖွင့်ရေး ဘက်စုံတိုးချဲ့ရန် ဆောင်ရွက်မှုသစ်များကို ကြေညာ

(GMT+08:00)2020-11-04 21:29:11  

ရှီကျင့်ဖိန်သည် တရုတ်ပြည် တံခါးဖွင့်ရေး ဘက်စုံတိုးချဲ့ရန် ဆောင်ရွက်မှုသစ်များကို ကြေညာ

 ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် နိုင်ငံဖြတ်ကျော် ဝန်ဆောင်မှု ကူးသန်းရောင်းဝယ်ရေး Negative listစာရင်းဇယားကိုထုတ်ပြန်မည် ဖြစ်ကြောင်း၊ ဒီဂျစ်တယ် စီးပွါးရေး၊ အင်တာနက် စသည့် လုပ်ငန်းနယ်ပယ်များတွင် တံခါးဖွင့်ရေးကို ဆက်တိုက် တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ရေးနှင့် အဆင်ပြေစေရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်ရေးများကို နက်ရှိုင်းစွာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊တရုတ်နိုင်ငံသည် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးကို ဆက်လက် တွန်းအားပေးမည် ဖြစ်ပြီး နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွါးကို ဆက်လက် ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပိုမိုများပြားသော နိုင်ငံများနှင့် စံချိန်စံနှုန်းမြင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ကို တိုင်ပင်ဆွေးနွေး ချုပ်ဆိုလိုပါကြောင်း ပြောကြားပါသည်။