李悦

တရုတ်သည် ကမ္ဘာလုံးဆိုင်ရာဆင်းရဲမှု လျှော့ပေါ့ရေးအတွက် အကြံပြုချက်များတင်ပြမည်

(GMT+08:00)2020-10-30 11:03:12  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာဆင်းရဲမှု လျှော့ပေါ့ရေးအတွက် အကြံပြုချက်များတင်ရန် ကြိုးပမ်းဆောင်ရွက်ပြီး အခြားဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲမှုပပျောက်စေရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် လက်တွေ့ဆောင်ရွက်မှုဖြင့် အကူအညီးပေးနေပါကြောင်း ယခုလ ၂၉ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲပါသည်။

ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က တစ်ကမ္ဘာလုံး၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးရာတွင် နိုင်ငံတကာ ဆင်းရဲမှုပပျောက်စေရေးသည် တင်းမာခက်ခဲသော စိန်ခေါ်မှုကို ရင်ဆိုင်နေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများက ဆင်းရဲမှုပြန်ဖြစ်လာရေး ပိုမိုများပြားလာကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ တော်တော်များများက တရုတ်ပြည်၏ ဆင်းရဲမှု လျှော့ပေါ့ရေးအတွေ့အကြုံများကို နည်းယူလေ့လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။