李悦

ဖွံ့ဖြိုးမှုနှင့် လုံခြုံမှုကို ဘက်ပေါင်းစုံမှ စီမံခန့်ခွဲရမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ဖေါ်ပြ

(GMT+08:00)2020-10-30 13:01:56  

ယခုလ ၂၉ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့်  ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ   ဗဟိုကော်မတီ ပဉ္စမအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် တရုတ်ပြည်သည် တိုးတက် ဖွံ့ဖြိုးမှုနှင့် လုံခြုံမှုကို ဘက်ပေါင်းစုံမှ စီမံခန့်ခွဲရမည်ဖြစ်ပြီး၊ လုံခြုံသော တိုးတက် ဖွံ့ဖြိုးမှုကို နိုင်ငံတော်၏ ဖွံ့ဖြိုးမှုနယ်ပယ်အသီးသီးနှင့် ဖြစ်စဉ်တစ်ခုလုံးတွင် ထည့်သွင်းရမည်ဖြစ် ကြောင်း၊ ခေတ်မီရေးဖြစ်စဉ်ကို ဂယက်ရိုက်ခတ်မည့် အန္တရာယ်များကို ကြိုင်တင်ကာကွယ် ပြီး၊ ရှောင်ရှားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်လုံခြုံမှုစနစ်နှင့် စွမ်းရည်တည်ဆောက်မှုကို အားဖြည့်ဆောင်ရွက်ပြီး နိုင်ငံတော် စီးပွားရေးလုံခြုံမှု၊ ပြည်သူ့ အသက်လုံခြုံမှုကို ခိုင်မာစွာ အာမခံပေးသကဲ့သို့၊ လူမှုရေးတည်ငြိမ်မှုနှင့် လုံခြုံမှုကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ် ကြောင်းဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။