ဂျပန် ကာတွန်း “ရှမ်းရှမ်းနေ့စဉ်မှတ်တမ်း”ဟာ လူမှုကွန်ရက်မှာ လူကြိုက်များတယ်။ ဒီကာတွန်းရဲ့ ဇာတ်ကောင်ဟာ“ရှမ်းရှမ်း”လို့ ခေါ်တဲ့ ပန်ဒါဝက်ဝံတစ်ကောင် ဖြစ်တယ်။ ရေးသားပြုစုသူ အီဝါဆာကီဟာရူကာဟာ ကာတွန်းဆရာ မဟုတ်ဘဲ လေဆိပ်မှာရောဂါ စစ်ဆေးမှုဌာနမှ ဝန်ထမ်းတစ်ဦး ဖြစ်တယ်။
၂၀၁၈ခုနှစ်မှာ အီဝါဆာကီဟာရူကာဟာ တရုတ်ပြည်ကို လာရောက်ပြီး တရုတ်-ဂျပန် ချစ်ကြည်ရေးဆေးရုံမှာ ပြုစုစောင့်ရှောက်မှု ဆောင်ရွက်တဲ့ စေတနာ့ဝန်ထမ်းတစ်ဦး ဖြစ်လာတယ်။ သူမက ကိုယ်တွေ့မြင်ခံစားတဲ့ တရုတ်ပြည်ကို ပိုမိုများပြားတဲ့ ဂျပန်ပြည်သူ တွေအား မိတ်ဆက်ပေးနိုင်ဖို့အတွက် ကာတွန်းကိုရေးသားပြုစုပြီး အင်တာနက်မှာ ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုဆိုရင် ပိုမိုများပြားတဲ့ ဂျပန်ပြည်သူတွေဟာ တရုတ်ပြည် အပေါ် သိရှိနားလည်မှုကို တိုးနိုင်မယ်လို့ ပြောကြားတယ်။ “ရှမ်းရှမ်းနေ့စဉ်မှတ်တမ်း”ရဲ့ ဇာတ်ကောင် ပန်ဒါဝက်ဝံရှမ်းရှမ်းဟာ သူနာပြုတစ်ဦးဖြစ်တယ်။ ကာတွန်းပါ ပုံပြင်တွေဟာ များသောအားဖြင့် ရှမ်းရှမ်းနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ နေ့စဉ် နေထိုင်မှုနဲ့ အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်တယ်။
ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒီနှစ် ဇန်နဝါရီလ လကုန်ပိုင်းမှာ အီဝါဆာကီဟာရူကာဟာ နဂိုစီစဉ်ထားတဲ့ အချိန်ထက်ပိုစော၍ ဂျပန်နိုင်ငံကို ပြန်လည် ရောက်ရှိခဲ့တယ်။ ဂျပန်ကို ပြန်ရောက်ခဲ့ပေမယ့် သူမဟာ တရုတ်ပြည်ရဲ့ရောဂါ ခုခံတိုက်ဖျက်ရေး အခြေအနေကို မျက်ခြည်မပြတ် အာရုံစိုက်နေတာ ဖြစ်တယ်။ “ရှမ်းရှမ်း နေ့စဉ်မှတ်တမ်း”မှာလည်း ရောဂါကာကွယ်တိုက်ဖျက်ရေး အသိပညာတွေကို စတင် မျှဝေတာ ဖြစ်ပြီး တရုတ်ပြည် ဆေးကုသမှုဝန်ထမ်းတွေအတွက် အမြဲတမ်း အားတင်း ထားဖို့ဖြစ်တယ်။ အီဝါဆာကီဟာရူကာက ကမ္ဘာတစ်ဝန်း ပြည်သူအားလုံးဟာ လက်တွဲ ကြိုးပမ်း ဆောင်ရွက်ကြမယ်ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါကို မုချမလွဲ အနိုင်တိုက်ဖျက်နိုင်မယ်လို့ ပြတ်ပြတ်သားသား ယုံကြည်တယ်လို့ ပြောကြားတယ်။