朱蕾

တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ အရည်အသွေး မြင့်မားစွာ အချိန်မီကျင်းပနိုင်ရေးသည် အရေးကြီးသည်ဟု တရုတ်ကုန်သွယ်ရေး ဒုဝန်ကြီးဆို

(GMT+08:00)2020-09-30 11:31:25  

   တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ အရည်အသွေး မြင့်မားစွာ အချိန်မီကျင်းပနိုင်ရေးသည် ထူးခြားပြီး အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိ ကြောင်း၊ တရုတ်ပြည်၏ တံခါးဖွင့်ရေးပေါ်လစီကို ပြတ်ပြတ်သားသား ကျင့်သုံးဆောင်ရွက်ပြီး တရုတ်ဈေးကွက်ကို အတူမျှဝေဖို့ ကောင်းမွန်သည့် အချက်ပြရန်အတွက် အကျိုးရှိကြောင်း၊ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဝမ်ပင်နန်က ယမန်နေ့ ၂၉ ရက်နေ့က ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

  တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရှန်ဟိုင်းမြို့ရှိ နိုင်ငံတော် ကုန်စည်ပြပွဲစင်တာတွင် ကျင်းပမည် ဖြစ်ပါ သည်။