朱蕾

တရုတ် - အိန္ဒိယ နယ်စပ်ရှိ အငြင်းပွားရာဒေသ၌ စစ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းကို ကန့်ကွက်သည်ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌါန ဆို

(GMT+08:00)2020-09-30 10:44:23  

  တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ၀မ်ဝင်ပင်က အိန္ဒိယမှ တရားမ၀င် ထားရှိသော လာဒါခ် ဗဟိုမှ တိုက်ရိုက်အုပ်ချုပ်သောဒေသ ဟူသည်ကို တရုတ်နိုင်ငံက အသိအမှတ် မပြုကြောင်း၊ တရုတ် - အိန္ဒိယ နယ်စပ်ရှိ အငြင်းပွားရာဒေသ၌ စစ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းကိုလည်း ကန့်ကွက်ကြောင်း ယခုလ ၂၉  ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။