朱蕾

တရုတ်အာဇာနည်အထိမ်းအမှတ်နေ့တွင် ရှီကျင့်ဖိန်က ထျန်အန်မင် ရင်ပြင်တော်၌ လွမ်းသူ့ ပန်းခြင်းချ ဂါရ၀ပြု

(GMT+08:00)2020-09-30 14:15:28  

  ယခုလ ၃၀ ရက်နေ့သည် တရုတ်ပြည်မှ တရားဝင် သတ်မှတ်ထားသည့် အာဇာနည် အထိမ်းအမှတ်နေ့ဖြစ်ပြီး၊ ပြည်သူ့သူရဲကောင်းများအား လွမ်းသူ့ပန်းခြင်းချ ဂါရ၀ပြု အခမ်းအနားကို ပီကင်း ထျန်အန်မင် ရင်ပြင်တော်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ရှီကျင့်ဖိန် အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များသည် အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များနှင့်အတူ ပြည်သူ့ သူရဲကောင်းများအား လွမ်းသူ့ ပန်းခြင်းချ ဂါရ၀ပြုခဲ့ကြသည်ဟု China Media Group မှ သတင်းအရသိရသည်။