朱蕾

တရုတ်နှင့် အာဆီယံနိုင်ငံများသည် နိုင်ငံတကာ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါလွန်ကာလ စီးပွားရေး နာလန်ပြန်ထူရေး ရှေ့တန်း၌ တည်ရှိနေ

(GMT+08:00)2020-09-30 10:43:26  

  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ၀မ်ဝင်ပင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် အပြန်အလှန် ပံ့ပိုးကူညီပြီး အခက်အခဲများကို အတူ ကျော်လွှားကာ၊ နိုင်ငံတကာ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါလွန် ကာလ စီးပွားရေးနာလန်ပြန်ထူရေးတွင် ရှေ့တန်း၌ တည်ရှိကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုကို တိုးမြှင့်ပြီး ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်းကို တည်ထောင်လိုကြောင်း ယခုလ ၂၉ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။