朱蕾

လူ့အခွင့်အရေးကောင်စီတွင် ဖွံ့ဖြိုးဆဲနိုင်ငံများက အမေရိကန် စသည့် အနောက်နိုင်ငံများ၏ လူ့အခွင့်အရေးပြဿနာကို ဝေဖန်ခဲ့

(GMT+08:00)2020-09-30 11:58:11  

လူ့အခွင့်အရေးကောင်စီတွင် ဖွံ့ဖြိုးဆဲနိုင်ငံများက အမေရိကန် စသည့် အနောက်နိုင်ငံများ၏ လူ့အခွင့်အရေးပြဿနာကို ဝေဖန်ခဲ့_fororder___172.100.100.3_temp_9500033_1_9500033_1_6016_54ebe117-2207-4846-883b-902f620a51d8

ယခုလ ၂၈ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၅ ကြိမ်မြောက် အစည်းအဝေး၌ ဖွံ့ဖြိုးဆဲနိုင်ငံများသည် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျာမနီ၊ ဖင်လန်၊ ဆွီဒင် စသောနိုင်ငံများ၏ လူ့အခွင့်အရေးပြဿနာကို ဝေဖန်ပြောကြားခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

  အမေရိကန်အစိုးရသည် ကိုဗစ်-၁၉ ဂယက်ရိုက်ခတ်မှုအား မဖြေရှင်းနိုင်ကြောင်း၊ ကမ္ဘာတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေသည် အမေရိကန်၌ အများဆုံး ဖြစ်ကြောင်း၊ အမေရိကန်အစိုးရသည် ပြည်သူများ၏ လူ့အခွင့်အရေးကို လျစ်လျူရှုပြီး အခြားနိုင်ငံများအား တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုကို ပြုလုပ်နေကြောင်း ဗင်နီဇွဲလားဆိုင်ရာ ကိုယ်စားလှယ်က အစည်းအဝေး၌ ဝေဖန်ပြောဆိုခဲ့သည်။

  ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ချက်သမ္မတနိုင်ငံ စသော ဥရောပနိုင်ငံများနှင့် ဩစတြေးလျ နိုင်ငံ၌ လူ့အခွင့်အရေးပြဿနာ များစွာရှိပြီး လူမျိုးရေး ခွဲခြားဆက်ဆံမှုနှင့် နိုင်ငံခြားသား ဆန့်ကျင်ရေး ပြဿနာ တစ်နေ့တခြား ပြင်းထန်လာကြောင်း၊ ဆင်းရဲမှုနှင့် လူမှုရေး ဆိုင်ရာ တရားမျှတမှု မရှိခြင်း ပြဿနာများသည် နက်ရှိုင်းစွာ အမြစ်တွယ်နေသဖြင့် မဖြေရှင်းနိုင်ကြောင်း တရုတ်ဆိုင်ရာ ကိုယ်စားလှယ်က ဝေဖန်ပြောဆိုခဲ့သည်။