朱蕾

တရုတ်ပြည်ကို ဆန့်ကျင်ရေး ကွန်ရက် တည်ဆောက်ရန် ကြံစည်မှုနှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်ပြောဆို

(GMT+08:00)2020-09-30 11:30:31  

  တရုတ်ပြည်၏ သြဇာသက်ရောက်မှုကို လျှော့ချရန်အတွက် အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ တရုတ်ပြည်ကိုဆန့်ကျင်ရေး ကွန်ရက် တည်ဆောက်ရန် စီစဉ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပေအိုက စက်တင်ဘာလ ၂၇ ရက်နေ့က ပြောဆိုခဲ့ ပါသည်။

  ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယမန်နေ့ ၂၉ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယင်းသည် ကယောင်ကတမ်းပြောသည့် အိပ်မက်စကားဖြစ်ကြောင်း၊ ၄င်း ပြောသည့်နေ့လည်း ရောက်လာမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။