朱蕾

ရှီကျင့်ဖိန်သည် ဗီယက်နမ် ဥက္ကဋ္ဌ ငုယင်ဖူထရုံနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2020-09-30 14:16:06  

  တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ငုယင်ဖူထရုံနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

  ရှီကျင့်ဖိန်က တရုတ်၊ဗီယက်နမ် နှစ်နိုင်ငံပြည်သူများအကြား လမုန့်ပွဲတော်ကို နွှဲပျော်ကြသည့်အခါသမယတွင် အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရုံနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်ခြင်းအတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း၊ ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရာတွင် တရုတ်၊ဗီယက်နမ် နှစ်ပါတီ၊နှစ်နိုင်ငံတို့သည် အပြန်အလှန်ထောက်ပံ့ပြီး အခက်အခဲများကို အတူကျော်လွှားကာ ရောဂါကာကွယ် ထိန်းချုပ်ရေး အရေးကြီးအောင်ကျိုးရလဒ်ကို လက်တွဲရရှိကြောင်း၊ လက်တွေ့ ဆောင်ရွက်မှုဖြင့် “ရဲဘော်နဲ့ညီအကို” ဟူသော သံယောဇဉ်ကို ရှင်းလင်းဖော်ပြပြီး ကွန်မြူနစ်ပါတီဦးဆောင်မှုနှင့် ဆိုရှယ်လစ်စနစ်၏ ထူးခြားသော အားသာချက်ကို အပြည့်အဝ ပြသထားကြောင်း ပြောကြားပါသည်။